The Romantic President (2002 Korean Film)
- ယံ

- Nov 8, 2021
- 1 min read
၂၀၀၂ ခုနှစ် The Romantic President ရုပ်ရှင်ထဲက ကျနော်ကြိုက်တဲ့ဇာတ်ဝင်ခန်း ... ဒီရုပ်ရှင်ကို ဖန်တီးတဲ့ ဇာတ်ညွှန်းရေးသူနဲ့ဒါရိုက်တာ Jeon Man-bae က ကျနော်တို့ မြန်မာ၊ ရွှေသံလွင်မီဒီယာကုမ္ပဏီမှာ (Running Man လို Reality Show ထုတ်လုပ်ဖို့) ၁ နှစ်အလုပ်လာလုပ်ခဲ့ဖူးတယ်။ ဒီရုပ်ရှင်တခုလုံးမှာ သူ့ရဲ့ principle photography ကိုလေ့လာတဲ့အခါ ... ကြိုတင်ပြင်ဆင်ထားတဲ့ storyboard နဲ့တွက်ပြီး single cam take ချည်း ရိုက်တယ်လို့ ယူဆရတယ်။ Political Drama, Rom-Com ဇာတ်လမ်းစိတ်ဝင်စားတဲ့ လူတွေကို ဒီရုပ်ရှင်ကြည့်ဖို့ ကျနော် ရည်ညွှန်းလေ့ရှိတယ်။ ဒီတပတ်ထဲ ကျနော်ထပ်ကြည့်ဖြစ်လို့ထပ်ကြွေမိတဲ့ ဇာတ်ဝင်ခန်းဖြစ်လို့ ပြန်မျှဝေတာပါ။ ဒီဇာတ်ကားကို ကျနော်ဒီနေ့ထိဆိုရင် ပြန်ကြည့်ဖြစ်တာ ဒီတခေါာက်နဲ့ဆိုရင်၅ ခေါက်ရှိပြီ။ ခုနောက်ဆုံးတခေါက်နဲ့ ရှေ့တခေါက်ကြားထဲမှာမကြည့်ဖြစ်ခဲ့တာ ၇ နှစ်လောက်ခြားထားတော့ ဇာတ်လမ်းကျောရိုးကိုမမေ့ပေမယ့် scene တွေကမေ့သလောက်နီးပါးပဲမို့ စိတ်ဝင်တစား ပြန်ကြည့်ဖြစ်တယ်။ အရင်က မမြင်ခဲ့တဲ့၊ မခံစားဖြစ်ခဲ့တဲ့ အမြင်သစ်တချို့လည်း ပြန်ရတယ် ... yktm Film Thoughts.




Comments