top of page

Bedside Detective (2007 Thai Film)

  • Writer: ယံ
    ယံ
  • Nov 8, 2021
  • 1 min read

2021 မှာ အသက် ၄၀ အရွယ်ရောက်ပြီဖြစ်တဲ့ I Fine Thank You Love You ထိုင်းမင်းသား Sunny ... အသက် ၂၆ (၂၀၀၇ ခုနှစ်) လောက်ကထွက်ခဲ့တဲ့ Bedside Detective ဆိုတဲ့ ရုပ်ရှင်ကြည့်ဖြစ်တယ်။ အမျိုးအစားက Rom-Com အချစ်ဟာသလေးပါပဲ။ လွန်ခဲ့တဲ့ ၁၄ နှစ်က ထုတ်လုပ်မှုဖြစ်လို့ အဲ့ဒီခေတ်က ထိုင်းရုပ်ရှင်ထုတ်လုပ်မှုပုံစံကို ပြန်လေ့လာနိုင်တာမျိုးလည်းဖြစ်တယ်။ 2000 ခုနှစ်အစောပိုင်း မှာ ဟောလိဝုဒ်ထိပေါက်ခဲ့တဲ့ ကိုရီးယားရုပ်ရှင် My Sassy Girl ,၂၀၀၄ ခုနှစ်လောက်က My Little Bride တို့လိုပဲ ဒီ Bedside Detective ရုပ်ရှင်ထုတ်လုပ်မှုပုံစံကို မြင်ရတယ်။ မြန်မာရုပ်ရှင်အဆင့်အတန်းနဲ့ ပြန်ယှဥ်ရင် ဆာတိုရီက ရိုက်တဲ့ VCD နဲ့ DVD ခွေခေတ် ထုတ်လုပ်မှုက ဒီ Bedside Detective ရဲ့ ထုတ်လုပ်မှုဒီဇိုင်းကို မဆိုသလောက်မီချင်တယ်။ ဒီရုပ်ရှင်ကိုကြည့်မိတော့ ... ကျနော်တွေးဖြစ်တာက ... Sunny ထိုင်းမင်းသားနေရာမှာ ဆိုပါစို့ နေတိုး ကိုထားမယ်ဆိုရင် .... မင်းသမီးနေရာမှာ ဝတ်မှုံရွှေရည်ထည့်ရမလား ဖွေးဖွေးလား ဒါမှမဟုတ် သင်ဇာနွယ်ဝင်းလောက်လား ... ဘယ်သူနဲ့ဆို ဒီဇာတ်ကားကို Local version ပြန်စုတုပြုမလဲပေါ့?? လက်လှမ်းမီ Rom-Com ရိုက်ချင်တဲ့ လူငယ်အချင်းချင်းကိုတော့ မင်းသား Sunny အသက် အစိတ်လောက်က ရိုက်ခဲ့တဲ့ Bedside Detective ကိုလေ့လာပါလို့ညွှန်းချင်ပါတယ် ... yktm. Film Thoughts.


Comments


bottom of page