top of page

No Escape (2015 Film)

  • Writer: ယံ
    ယံ
  • Nov 8, 2021
  • 1 min read

No Escape (2015 Film) ဒီရုပ်ရှင်အရ ဇာတ်လမ်းထဲမှာတော့ | ကမ္ဗောဒီယားနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်တပ်ခေါင်းဆောင်ကိုအာဏာသိမ်းလိုက်တဲ့ ဇာတ်လမ်းနဲ့စတယ်။ စစ်တပ်နဲ့အမေရိကန်ကုမ္ပဏီတွေလက်ဝါးချင်းရိုက်ပြီး နိုင်ငံသယံဇာတ ကိုယ်ကျိုးအမြတ်ထုတ်နေတာမခံနိုင်တော့လို့ တိုင်းရင်းသားနဲ့နယ်မြေခံ တွေလက်နက်ကိုင်တဲ့အထိဖြစ်လာတာမျိုးဇာတ်လမ်းပါ။ ဒီဇာတ်ဝင်ခန်းက ကျနော်တို့ဆီမှာဖြစ်ခဲ့တဲ့ အရပ်ဘက်နဲ့ရဲ-စစ်ဘက်ထိပ်တိုက်ဆုံပြီး သတ်ကြဖြတ်ကြတာတွေနဲ့လည်းတော်တော်လေးဆင်ပါတယ်။ ဒီ No Escape မှာက ဂျိန်းမ်းဘွန်းမင်းသားဟောင်း ပီယာ့ဘရော့ဆင်တို့ ... မြူစီယမ်မင်းသား အိုဝင် တို့ကို အဓိကထားပြီး ထည့်သုံးခဲ့ကြပေမယ့် ထုတ်လုပ်ကုန်ကျစားရိတ်က ဒေါ်လာ ၅ သန်းပဲရှိခဲ့ပြီး ရုံတင်ဝင်ငွေက သန်းငါးဆယ်ကျော်ထိ ပြန်ရခဲ့တဲ့ရုပ်ရှင်လည်းဖြစ်တယ်။ နိုင်ငံရေးပဋိပက္ခ ရုန်းရင်းဆန်ခတ်မှုတွေကြားထဲကနေ အသက်ဘေးလွတ်မြောက်အောင် ပြေးလွှားရတဲ့ Survival, Thriller အမျိုးအစားထဲမှ လေ့လာမယ်ဆိုရင် ... No Escape ထုတ်လုပ်မှုကို လေ့လာဖို့ကျနော်ညွှန်းဖြစ်ပါတယ်။ yktm. Film Thoughts


Comments


bottom of page