အမေရိကန်ဟာတောင်ကိုရီးယားဖြစ်နေတာလား
- ယံ

- Nov 28, 2021
- 1 min read
တောင်ကိုရီးယားသမ္မတ Moon Jae လက်ထပ်မှာ ... အမေရိကန်တွေရဲ့ အနုပညာကွန်ယက် .. အနုပညာထုတ်လုပ်မှုစျေးကွက်ထဲ ကိုရီးယားအနုပညာထုတ်ကုန်တွေ စိမ့်ဝင်ပြီး အမြင့်ဆုံးဆုတွေ ဆွတ်ခူးနိုင်ခဲ့တယ်ဆိုတာ ... သမိုင်းဝင်တော့ဖြစ်ခဲ့ပြီ ... ပြောရရင် ... ကျနော်တို့ခင်ဗျားတို့ သိတဲ့ ဒါရိုက်တာ ဘောင်ဂျွန်းဟိုရဲ့ Parasite (2019 Korean Film) ဟာ အမေရိကန်ရဲ့အမြင့်ဆုံးရုပ်ရှင်ဆုဖြစ်တဲ့ အကယ်ဒမီအော်စကာဆုပေးပွဲမှာ ဆုကြီး (၄) ဆု တောင် ရရှိခဲ့တယ်။ အဲ့ဒီဆုတွေက အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆု နဲ့ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဆု ဆိုပြီးပေါ့ ... ဒီနှစ် ၂၀၂၁ ထဲမှာလည်း ... အမေရိကန်တွေရဲ့ အမေရိကန် ဂီတဆုပေးပွဲကြီးမှာ BTS အဖွဲ့က Artist of The Year ဆုကိုရခဲ့တယ်။ BTS နဲ့အပြိုင် ဆုရဖို့ နာမည်စာရင်းလျာထားခံရသူတွေက Ariana Grande, Drake, Olivia Rodrigo, Taylor Swift နဲ့ The Weeknd တို့ဖြစ်ပါတယ်။ ဒီလို ကိုရီးယားတွေ အမေရိကန်ဒေသမှာ ထိုးဖောက်နေရာယူ၊ ဆုတွေဆွတ်ခူးနေတာဟာ ... နိုင်ငံရေးအရကြည့်တဲ့အခါ အမေရိကန်ဒေသရဲ့ မူလဘူတ (ဥရောပသားတွေရွှေ့ပြောင်းကျက်စားရာမှ ဖြစ်တည်လာတဲ့အရပ်ဒေသ) လိုပဲ ... တောင်ကိုရီးယားဟာအမေရိကန်ဖြစ်နေတာလား ... အမေရိကန်ဟာ တောင်ကိုရီးယားဖြစ်နေတာလား တွေးစရာပါပဲ ... ဒါမှမဟုတ် အမေရိကန်တွေရဲ့ ရုပ်ရှင်သမားတွေ၊ ဂီတသမားတွေဟာ သူတို့ထုတ်လုပ်မှုတွေရဲ့ ဖောက်မထွက်ဘဲဖော်မြူလာနည်းဆန်တဲ့ ဖန်တီးဖျစ်ညစ်အနုပညာတွေကို တော်လှန်လိုတဲ့သဘောများလား??? #aplaceforfilms & #music ©




Comments