top of page

ကမ္ဘာစစ်အတွင်းထိုင်းဘုရင်တွေခေတ်မီဖို့ပြင်ဆင်ခဲ့ကြတယ်

  • Writer: ယံ
    ယံ
  • Jun 26, 2021
  • 1 min read

ထိုင်းဘုရင် Chulalongkorn (၁၉ ရာစု) ၁၈၆၈ မှ ၁၉၁၀ ထိနန်းသက်စံခဲ့တယ်။ အဲ့ဒီအချိန် မြန်မာမှာ မင်းတုန်းမင်း နဲ့ သီပေါမင်း တို့ ၁၈၅၃ မှ ၁၈၈၅ ထိ (မင်းနှစ်ဆက်အချိန်ကာလ)။ မြန်မာ (ကုန်ဘောင်)ထီးနန်းဟာ ဗြိတိသျှလက်အောက် ရောက်ခဲ့ပြီး ပထမကမ္ဘာစစ်မဖြစ်ခင်ထဲက ဇာတ်သိမ်းသွားခဲ့တယ်။ ပြောရရင်__ ၁၈ ရာစု အလယ် ၁၇၅၂ ကနေ ၁၉ ရာစုအစပိုင်း ၁၈၂၀ လောက်ထိ ကုန်းဘောင်မင်းတွေဟာ (ထိုင်း) အယုဒ္ဓယကို အကြိမ်ကြိမ် ကျူးကျော်ခဲ့ကြတယ်။ ၁၉ ရာစု အစပိုင်းမှာ ဘကြီးတော် မင်းလက်ထပ်မှာ ဗြိတိသျှတွေက စတင်ကျူးကျော်လာတယ်။ နောက်ဆုံးတော့ ၁၈၈၅ ခုနှစ် သီပေါမင်း လက်ထပ်မှာကုန်းဘောင်နန်းကျ ကိုလိုနီဘဝရောက်ခဲ့ပေါ့။ လေ့လာကြည့်ရင် ၁၉ ရာစုမှာ ကုန်းဘောင်မင်းဆက်ဟာစိတ်ကြီးဝင်နေခဲ့ဟန်တူတယ်၊ စစ်ရေး အဆင့်မြှင့်တင်နိုင်ခဲ့မှုတွေ မရှိခဲ့ဘူး။ ထိုင်းဘုရင် Chulalongkorn လက်ထပ်မှာတော့ ထိုင်းနိုင်ငံဟာ ခေတ်မီလက်နက်တပ်ဆင်တဲ့အပိုင်းမှာ အတော်လေး ခရီးပေါက်နေခဲ့တယ်။

ထိုင်းဘုရင် Chulalongkorn နတ်ရွာစံပြီးနောက် _ ထိုင်းဘုရင် သုံးယောက်ဖြစ်ကြတဲ့ Vajiravudh, Prajadhipok, နဲ့ Ananda Mahidol တို့က ၁၉၁၀ - ၁၉၄၆ ထိ ဆက်တိုက်တက်လာတဲ့ ဘုရင်တွေ (ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်အတွင်းထဲကဘုရင်တွေပေါ့)။


သူတို့ သုံးယောက်ပြီး နန်းတက်လာတဲ့ ဘုရင် Bhumibol Adulyadej ကတော့ (ကျွန်တော်တို့လူသိများတဲ့) ၁၉၄၆-၂၀၁၆ ထိ နန်းသက်ကြာရှည်ခဲ့တဲ့ ဘုရင်ကြီး ဘုမိဘော။ ပြီးတော့ အခုလက်ရှိ ဘုရင်ကြီးဘုမိဘောရဲ့သား ဘုရင် Vajiralongkorn ပေါ့။

ဓါတ်ပုံက ၁၉ ရာစု က ထိုင်းဘုရင်ကြီး Chulalongkorn ။ (၁၉၀၇ ခုနှစ်၊ ဥရောပခရီးစဥ်အတွင်း)


Comments


bottom of page