တစ်နာရီကို ဒေါ်လာ ၁၁ သန်း ခွဲ ရနေတဲ့လူ
- ယံ

- Jul 6, 2021
- 1 min read
၂၀၂၁ မှာ ... Amazon အလုပ်သမားတစ်ယောက် _ တစ်နာရီ ၁၅ ဒေါ်လာပဲရနေချိန်မှာ
Amazon CEO Jeff Bezos ဟာ_ တစ်နာရီကို ဒေါ်လာ ၁၁ သန်း ခွဲ ရတဲ့အထိဖြစ်လာတယ် ... တစ်စက္ကန့်ကို ဒေါ်လာ ၃ ထောင်ကျော် ဝင်တာမျိုးထိဖြစ်လာတာပါ။
စစ်တမ်းများအရ အမေရိကန်မှာ ပုံမှန်ဘွဲ့ရ လူတစ်ယောက်ဟာ သူ့တစ်ဘဝစာ
ပင်စင်မယူခင်ထိ အလုပ်ကြိုးစားရင် ဒေါ်လာ ၂ သန်း ရှာနိုင်တယ်လို့ဆိုတယ်။
အခုတော့ Jeff Bezos က တစ်နာရီတိုင်းမှာ ဒေါ်လာ ၁၁ သန်းခွဲ ထိ ဝင်ငွေရှိတဲ့လူ
ဖြစ်လာတယ်။
ဆိုတော့ Jeff Bezos ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်လာတာဟာ Amazon ဝန်ထမ်းတွေလစာနည်းနည်းပဲရလို့ ဆိုတာမျိုး မကျေမနပ် speak out လာကြတယ်။ အခုတော့ Amazon က ဝန်ထမ်းတွေအားလုံးဟာ လစာတိုးမြှင့်နိုင်ဖို့ အရေးများတောင်းဆိုပြီး သူတို့ CEO Jeff Bezos ကို CEO ရာထူးမှ အနားယူခိုင်းလိုက်ပါပြီ။
Bezos က ကုမ္ပဏီရဲ့ executive chairman အနေနဲ့သာဆက်ရှိသွားမယ်။
၁၉၉၇ ခုနှစ်တုန်းက ရှယ်ယာ တစ်စုတန်ဖိုးဟာ ၂ ဒေါ်လာစာ သာ ရှိတဲ့ Amazon ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်မှာ ရှယ်ယာ တစ်စုတန်ဖိုး ၃၅၁၀ ဒေါ်လာ အထိဖြစ်လာတယ်။
နှစ်ပေါင်း ၂၄ နှစ်အတွင်းမှာ ၃၅၀၀ အဆ ထိကြီးမားသွားတဲ့ နည်းပညာကုမ္ပဏီ။

Amazon လို့ပြောတဲ့အခါ e-commerce ကုမ္ပဏီအဖြစ်လူသိများပေမယ့် နောက်ထပ် ဆက်နွယ်နေတဲ့ လုပ်ငန်း အမျိုးအစားတွေဖြစ်တဲ့ digital streaming, cloud computing တွေအပြင် မှတ်ဥာဏ်တု artificial intelligence များမှာပါ ရင်းနှီးမြုပ်နှံပြီး လုပ်ငန်းကိုချဲ့ထွင်လာတယ်။
ဓါတ်ပုံကတော့_ ၁၉၉၉ ခုနှစ် Amazon ရှယ်ယာတစ်စုတန်ဖိုး ဒေါ်လာ ၅၀ လောက်ရှိတဲ့အချိန် Jeff Bezos ကို သူ့ရုံးခန်းလေးမှာတွေ့ရတာပါ။ အခုတော့ Jeff Bezos ဟာ ၂၀၂၁ ဇူလိုင်၊ မှာ Amazon CEO ဘဝမှ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလျံ ၂၀၀ ကျော်နဲ့ အနားယူလိုက်ပါပြီ။ ဘိုလိုညပ်ပြောရင်_ Jeff Bezos peacefully retired the CEO post with 200 $ Billions. ပေါ့ဗျာ
#JeffBezos #amazon စာကြွင်း။ မြန်မာပြည်မှာတော့ တစ်စက္ကန့်တိုင်း လူတွေ
တော်တော် ငတ်လာနေတာကို မြင်တွေ့ရပါတယ်။ အမေရိကန် ဘီလျံနာတွေ
သန်း ၅၀ ဗမာလူထုကြီးကို ကျွေးမွေးရင်သိပ်ကောင်းမှာပဲ။ တစ်နာရီကို ဒေါ်လာ ၁၁ သန်း
ရနေကြတဲ့ဟာကိုဗျာ။ 😅😑




Comments