Age of Empries IV
- ယံ

- Nov 9, 2021
- 2 min read
"Real Time Strategy" Game တွေကိုငယ်ငယ်လေးထဲကကြိုက်တတ်တဲ့ ကျနော့်လိုဘဲတွေအတွက် ၂၀၂၀ မှာထွက်မယ်တကဲကဲတာဆူခဲ့တဲ့ AOE IV များထွက်လာခဲ့ရင် ဘယ်လိုနေမလဲ စိတ်ဝင်စားခဲ့ကြဖူးလိမ့်မယ်။
"AOE" လို့အတိုကောက်ခေါ်တဲ့ Age Of Empires (Game Series) က ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလမှာစတင်ထွက်ရှိခဲ့တယ်။ လွန်ခဲ့တဲ့ ၂၄ နှစ်ကပေါ့။
"AOE" ကို ကျနော်စပြီးကစားခဲ့ဖူးတာက ၂၀၀၁ ခုနှစ်။ ကျနော့်အသက် ၉ နှစ်လောက်ကဆိုတော့ "AOE" နဲ့ရင်းနှီးခဲ့တာ နှစ် ၂၀ ရှိပြီ။
Real-Time Strategy ဂိမ်းတွေထဲမှာ ဒီဘက်ခေတ်လူငယ်တွေစွဲလန်းကြတာ
World of Warcraft, Dota များလိမ့်မယ်။ ဒီဘက် mobile game တွေခေတ်စားလာတဲ့အခါ mobile legends များလိမ့်မယ်။ တစ်ခုရှိတာက အဲ့ဒီ Warcraft,Dota,Mobile Legends ဂိမ်းတွေရဲ့ atmosphere (ဂိမ်းထဲကပတ်ဝန်းကျင်)နဲ့ကျနော်ဘယ်လိုမှ relate လုပ်လို့မရခဲ့ဘူး။
Vikings ခေတ်လူသားတွေဝတ်ပုံစားပုံ (Witcher တို့ God of War တို့) ကိုကြိုက်ပေမယ့် Warcraft ပတ်ဝန်းကျင်ကို ဘယ်တုန်းကမှ အကြိုက်မတွေ့ခဲ့ဘူး။ အဲ့ဒါကြောင့် Real-time strategy ဂိမ်းတွေထဲမှာ မြင်း၊ဆင်၊ဓါး၊လှံ၊အမြှောက်ဆံတွေနဲ့ တိုက်ခိုက်မယ် ဆိုရင် ရွေးချယ်စရာလို့မြင်တာ ကျနော့်အတွက် AOE ပဲရှိခဲ့တယ်။
Real-Time Strategy Game (RTS) တွေက ၁၉၈၁ ခုနှစ်မှာပိုပြီးလှုပ်ရှားအသက် ဝင်လာခဲ့ကြတယ်။ အစောပိုင်းမှာ real-time strategy လို့ယူဆနိုင်တဲ့ ဂိမ်းတွေရှိနိုင်ပေမယ့် စျေးကွက်မရဘဲ တိမ်မြုပ်သွားတာတွေလည်းရှိတယ်။ ဒါကြောင့် ၁၉၈၁ နောက်ပိုင်းမှာ
RTS တွေဟာ စျေးကွက်ထဲတဖြည်းဖြည်းစိမ့်ဝင်လာခဲ့တယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေဟာ RTS တွေရဲ့ ရွှေခေတ်ပေါ့။
အမေရိကန်-ရုရှား-တရုတ်-အာရပ် မော်ဒန်စစ်ပွဲတွေကိုအခြေခံထားတဲ့
command & conquer တွေရှိသလို၊ စောစောကကျနော်ပြောတဲ့
မှော်၊စုန်းအတတ်တွေနဲ့ Vikings ခေတ်ဝတ်စားဟန်တွေပါတဲ့ Warcraft တွေ
ရှိသလို ကျနော်ကြိုက်တဲ့ AOE ကလည်း သမိုင်းထဲမှာတကယ်ဖြစ်ပျက်ခဲ့တဲ့
၁၇ရာစု ၊ ၁၈ ရာစု စစ်ပွဲ တွေပေါ့ဗျာ
AOE 2 မှာဆိုရင်စစ်ပွဲ versions တွေအများကြီးရှိတယ်။
အဲ့ဒီထဲမှာမှ Rise of the Rajas အပိုင်းမှာဆိုရင် အရှေ့တောင်အာရှစစ်ပွဲတွေ
ကိုအခြေခံထားတဲ့အတွက် ဗမာဘုရင်တပ်တွေပါတယ်။ အထူးသဖြင့်
ဘုရင့်နောင်ခေတ်။ ဂိမ်းထဲက အလုပ်သမားတွေ ၊ ဘုရင့်တပ်သားတွေကို
စေခိုင်းတဲ့အခါ (ဗမာစကားပြောပြီး ခွန်းတုံ့ပြန်တယ် ) ပြီးတော့ အမြင့်ဆုံး
civilization မှာ ရွှေတိဂုံစေတီပုံစံ ဘုရားတည်လို့ရတယ်။
အခု AOE 4 ဟာ ဒီနှစ် ၂၀၂၁ အောက်တိုဘာ ၂၈ ရက်နေ့မှာထွက်လာပါပြီ။
Windows မှာပဲကစားလို့ရဦးမယ်။ Official ဝယ်ကစားရမယ်။
ရောင်းစျေးက ဒေါ်လာ ၅၉.၉၉ ဆိုတော့ ဒေါ်လာ ၆၀ ပဲထားပါတော့။
လက်ရှိမြန်မာငွေ ၁ သိန်း ၂ သောင်းဝန်းကျင်ရှိမယ်။
မဝယ်ဘဲ pirate download ပြီးကစားချင်တယ်ဆိုရင်တော့
torrent site တွေမှာရောက်နေပြီ။ file size က 60 GB စာရှိမယ်။
AOE 4 ကို ကစားမယ့် PC performance လိုအပ်ချက်က
RAM 8 GB အနည်းဆုံးလိုမယ်။ GPU (video RAM) 4GB လိုမယ်။
AOE 4 မှာက သမိုင်းထဲကတကယ့်စစ်ပွဲတွေဖြစ်တဲ့ စစ်ပွဲကြီး ၄ ပွဲပါမယ်။
1. The Normans ဆိုတဲ့ အင်္ဂလန်ကို နော်မန်တွေသိမ်းတဲ့ပွဲ
2. The Hundred Years ဆိုတဲ့ အင်္ဂလန်နဲ့ပြင်သစ်နဲ့ဖြစ်တဲ့ပွဲ
3. The Mongol Empire ဆိုတဲ့ မွန်ဂိုတွေအင်အားကြီးလာတဲ့ပွဲ
4. The Rise of Moscow ဆိုတဲ့ ရုရှားဒေသကစစ်ပွဲ တွေပေါ့ ...
AOE IV ကို Microsoft ရဲ့ ဦးဆောင်မှုနဲ့ Relic Entertainment ကထုတ်လုပ်တယ်။
1. ဒါရိုက်တာကနှစ်ယောက်။ (၁) Michael Mann, (၂) Greg Wilson
2. ဒီဇိုင်နာက သုံးယောက်။ (၁) Christopher M Rubyor (၂) Michael Conkin (၃) James Agay
3. ပရိုဂရမ်မာက သုံးယောက်။ (၁) Joel Pritchett, (၂) Wilfried Schmidt
(၃) Lawrence Ward
4. Artists က လေးယောက်။ (၁) Han Randhawa, (၂) Zach Schlappi
(၃) Roland Longpre (၄) Brent Breedveld
5. Writer က နှစ်ယောက်။ (၁) Noble Smith (၂) Philppe Boulle
6. နောက်ခံတေးဂီတဖန်တီးသူက ငါးယောက်
(၁) Tilman Silescu (၂) Alexander Röder (၃) Henning Nugel (၄) Armin Haas (၅) Mikołaj Stroiński
Engine ကတော့ Essence Engine 5 မှာ အခြေခံထုတ်လုပ်ခဲ့ကြတယ်။ၑ
Essence Engine က အဓိကအားသာချက်က ပတ်ဝန်းကျင် (မြေကြီး၊လေထု၊
ရေထု) စတဲ့ရာသီဥတုပိုင်းမှာ အသေးစိတ်ပိုပြီးရေးသားထားပြီးသားဖြစ်တယ်။
နာမည်ကြီး Company of Heros ကို Essence Engine တွေနဲ့ရေးခဲ့ကြတယ်။
အဲ့ဒီ Engine မှာပဲ Relic Entertainment က AOE 4 ကို develop ခဲ့ကြတာ
ဖြစ်တယ်။
AOE 4 အတွက် Gamers တွေပေးတဲ့ Review တွေကောင်းသလားဆိုရင်
82/100 မှတ်ရပါတယ်။ AOE 2 ကို ရုပ်ထွက်မိုက်မိုက်၊ဆေးသားမိုက်မိုက်
တိုက်ခိုက်ပုံအသေးစိတ်နဲ့ အဆင့်မြှင့်ထားတယ်လို့အကျဥ်းချုံ့ပြီးဝေဖန်
နိုင်ပေမယ့် AOE 4 ဟာ AOE အသည်းစွဲပရိသတ်တွေကို စိတ်မပျက်စေခဲ့ပါဘူး။
yktm. 🎮🎯🕹
Game Sharing
#AOE #Relic #EssenceEngine #AgeofEmpiresIV #RTS #RealTimeStrategy




Comments