နွေဦးတော်လှန်ရေး 2.0.1
- ယံ

- Jun 7, 2021
- 1 min read
လက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်နေတဲ့လူတွေ၊အကြောင်းအရာတွေအပေါ်မှာဒီလို inferiority complex (အငုတ်စိတ်ဝင်တာ) ဖြစ်ဖြစ်၊ superiority complex (စိတ်ကြီးဝင်မာန်တက်နေတာ) ဖြစ်ဖြစ် စိတ်ခံစားမှုရနေပြီဆိုရင် တော်လှန်ရေးနဲ့ပတ်သက်ပြီး လက်ရှိကိုယ့်ရဲ့ "ဖြစ်တည်မှု" အဆင့်ကို အရင်ဆန်းစစ်ကြည့်လို့ရတယ်။ ( တောခိုတာ ၊ လက်နက်လက်ထဲရောက်လာတာ၊ သစ္စာခံတပ်ဖွဲ့ရဲ့အမိန့်နာခံတာ ၊ အသက်မသေဘဲ တိုက်ပွဲတခုပြီးတခု ဆက်လက်ပါဝင်လာနိုင်တာ ) ဆိုတဲ့ "လက်နက်ကိုင်တော်လှန်ရေး" category ထဲ ဘယ်ဘက်ကနေပဲဖြစ်ဖြစ်
လက်နက်ကိုင်တော်လှန်ဖို့မပါဝင်သေးဘူးဆိုရင်၊ လက်ရှိ ကိုယ်ရောက်နေတဲ့ "ပတ်ဝန်းကျင်" နဲ့ ကိုယ်လုပ်နိုင်တဲ့ "ဘောင်" အတွင်းမှာ ကိုယ်တကယ်ပဲ လုပ်ပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်နေသလား ဆိုတဲ့ အခြေခံအဆင့်ကို စဥ်းစားကြည့်။
1. ဒီအချိန်ကြီးထဲစားကြသောက်ကြပျော်နေကြတယ်ဆိုတဲ့အုပ်စု၊ 2. ဒလန်အုပ်စု၊ 3. စာအရှည်ကြီးတွေရေးမှ စိတ်ဖြောင့်တဲ့လူတွေထဲမှာမှ research paper ပုံစံရေးနေတဲ့စာ ၊ social experiment ပုံစံရေးတဲ့စာ ၊ ကိုယ်ရည်သွေးတဲ့စာ ၊ critical thinking မပါလာတဲ့စာ (စာဆိုတဲ့အမျိုးအစားအားလုံးကတော့ ရေးသူ ego ရာခိုင်နှုန်းအနည်းအများပဲကွာမယ်၊ အဲ့ဒါကြောင့် စာတိုင်းဟာ ဖတ်သူကို ဝါဒဖြန့်နေတာချည်းပဲ၊ တော်လှန်ရေးနဲ့မဆိုင်တဲ့စာတွေ၊ ကုန်ပစ္စည်းကြော်ငြာ၊ ဘာသာရေးတရားစာတွေတဆုံး အားလုံးက ရေးသူ ဟောသူရဲ့ ego ပါပြီးသား။ နောက်ဆုံးသူများရေးတဲ့စာ ကူးပြီး ပြန်တင်တောင် ego နဲ့ကိုက်ညီလို့ ပြန်တင်ကြတယ်)။
အဲ့ဒါတွေအားလုံးက ကိုယ်လက်ခံ perceive လုပ်ထားပြီးသား data/information တွေပေါ်မှာပဲမူတည်တယ်။ ဆိုတော့ ကျနော်ရဲ့ ego နဲ့ပြောရရင်၊ အကြမ်းဖက်လာမှုကို လက်နက်ကိုင်တော်လှန်ဖြေရှင်းတော့မယ့် နွေဦးတော်လှန်ရေး 2.0 ကို တဖက်ကနေ နွေဦးတော်လှန်ရေး 2.0.1 အနေနဲ့ "Information Revolution" လည်း ရှိနေလိမ့်မယ်။
အကြမ်းဖက်စစ်သားတစ်ယောက်ရဲ့ ခေါင်းထဲက information (သူ့ခံယူချက်) ကို ပြောင်းလဲနိုင်ရင် ပြည်သူကိုရွယ်ထားတဲ့ သေနတ်ပြောင်းလားရာ တဖက်လှည့်သွားမယ်။ အဲ့ဒါကြောင့် စာအရှည်ကြီးတွေတက် လာရင် ရေးသူကိုအထင်မကြီးလို့ စာရှည်ကြီးပါကွာဆိုပြီး skip လုပ်ပိုင်ခွင့်ကရှိတယ်။ မဟုတ်ဘဲ သူ့စာကို အစ-အဆုံးဖတ်မိရင်တော့ critical reading စိတ်နဲ့ဖတ်ပါ၊ data/information တွေထဲက တစ်ခုအနေနဲ့ မှတ်ယူလို့ရတယ်။ လိုတဲ့နေရာမှာအသုံးပြုလို့ရတယ်။ ကိုယ့်ကိုယ်ကို Democrat တစ်ယောက်လို့မှတ်ယူကြမယ်ဆိုရင် ... open your mind to individual emotion and idea ဖြစ်သင့်တယ်။ ဒီလိုမှမဟုတ်ရင်တော့ ကျနော်နိုင်ငံဟာ ကွန်မြူနစ် ဝါဒ နဲ့မှ အဆင်ပြေလိမ့်မယ်။
📝 yktm.




Comments