top of page

ဖြစ်လာသင့်သောလူဦးရေပမာဏ

  • Writer: ယံ
    ယံ
  • Jul 6, 2021
  • 1 min read

တော်လှန်ရေးပြီးတာနဲ့ အိမ်ထောင်ပြု၊ သားမွေး အများကြီးလုပ်သင့်တယ်။

လာမယ့် နှစ် ၂၀ အတွင်းမှာ မြန်မာလူဦးရေ သန်း ၈၀ လောက်ထိတော့ရှိသင့်တယ်။

အသက် ၁၈-၄၀ အရွယ် ဖြစ်နေတဲ့ နိုင်ငံသားတွေရဲ့တာဝန်ပဲ 😅


(တော်လှန်ရေးအောင်မြင်သွားရင်စီးပွားရေးပြန်ကောင်းလာနိုင်မှာဆိုတော့)

မြန်မာပြည်လွတ်လပ်ရေးရပြီးခါစ ၁၉၅၀-၆၀ မှာ မြန်မာအမျိုးသမီးတစ်ယောက်ဟာ

အများဆုံးကလေး ၆ ယောက်ထိမွေးလေ့ရှိတာမျိုး လုပ်ခိုင်းနေတာတော့မဟုတ်ပေမယ့်၊

၁ ယောက်တော်ပါပြီဆိုတာမျိုးတော့မလုပ်ပါနဲ့။

(လူပျိုးကြီး၊ အပျိုကြီး အတွေးဆိုတာပိုပြီး မလုပ်သင့်တာပါ 😆)

၃ ယောက်ထိမွေးပေးကြပါ။


အမျိုးသားလုပ်တဲ့လူတွေလည်း ရှာကျွေးဖို့ အလုပ်ကိုကြိုးစားကြပေတော့ပဲ။

နိုင်ငံတစ်နိုင်ငံရဲ့ မြေဧရိယာအကျယ်အဝန်း (ကျေးလက်အဆင့်မှမြို့ပြအဆင့်တည်ဆောက်နိုင်မှု) အရ မြန်မာပြည်မှာ နှစ် ၂၀ အတွင်း လူဦးရေ သန်း ၈၀ နီးပါးထက်ပိုပြီးတိုးလာသင့်တယ်။ အစိုးရအနေနဲ့လည်း အိမ်ထောင်စုအတွက်လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ၊ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့လိုတယ်။

အများပြည်သူလက်မခံတဲ့ လက်ရှိစစ်အုပ်ချုပ်ရေးဟာ ဆယ်စုနှစ်တစ်စုစာ ထပ်ပြီး

မလွှမ်းမိုးသွားဖို့က (အပေါ်က လူဦးရေတိုးလာဖို့အတွက် မဖြစ်မနေ) လိုအပ်တယ်။

ရောဂါကပ်ကြီးထဲ မသေသွားအောင် ရှင်ဖို့ကိစ္စတွေကတော့ အသက်ကိုဥာဏ်စောင့်လို့ မှာချင်ပါတယ်။ 😔


တော်လှန်ရေးပြီးတာနဲ့ ကိုယ်ချစ်၊သူချစ်ညှိကြပြီး မြန်မြန်လက်ထပ်ကြ၊ သားသမီးမွေးကြပါ။ 4G ထက် အဆ ၁၀၀ ပိုမြန်တဲ့ 5G အင်တာနက်ခေတ်နှောင်း 5G+ ထိဖြစ်လာတဲ့အခါ ပြည်တွင်းမှာနေထိုင်တဲ့ စားသုံးသူ ပမာဏ စျေးကွက်အရွယ်အစားက လက်ရှိ

၅၄ သန်း (တကယ်စားသုံးနိုင်သူပမာဏ သန်း ၃၀) ဆိုတာထက်ပိုကြီးနေဖို့လိုတယ်။

...

ဖီလစ်ပိုင်နိုင်ငံရဲ့ လူဦးရေတိုးတက်လာတဲ့အရေအတွက်ကို မြန်မာနိုင်ငံနဲ့ ယှဥ်ပြထားပါတယ်။

🇲🇲 Myanmar Area : ~670,000 km2

🇵🇭 Philippine Area: ~300,000 km2

Independence : 🇵🇭 1946 from US , 🇲🇲 1948 from UK

1960 Population : ( 🇵🇭 26.27 millions) , ( 🇲🇲 27.4 millions)

2019 Population : ( 🇵🇭 108.1 millions) , (🇲🇲 54.05 millions)

📝yktm


Comments


bottom of page