top of page

လူမှုကွန်ယက်ပေးစာများနှင့်ကျွန်တော်တို့

  • Writer: ယံ
    ယံ
  • Jan 26, 2021
  • 2 min read

Updated: May 22, 2021


LINE က message အသံ လေးနဲ့ Viber ရဲ့ message အသံလေးမတူသလို

WhatsApp က အသံလေးနဲ့ Discord က အသံလေးလည်းမတူ ...

တကယ်ကို ကျွန်တော်တို့တွေအတွက် ရွေးချယ်စရာတွေကများလာတယ်။

စိတ်ကို တသတ်မတ်တည်း ငြိမ်အောင် Persistently ထိန်းထားဖို့ဆိုတာ

ခက်မယ်။ Social Apps တွေ ... Streaming Platforms တွေရဲ့

Operating Strategy တွေကိုက ကျွန်တော်တို့ရဲ့ personality တွေကို

တစ်မျိုးထက်ပိုပြီး ရှိလာစေတယ်။

လူတကိုယ် ရုပ်တစ်ရုပ်-စိတ်ကိုးဆယ် ဆိုပြီး ဗုဒ္ဓဘာသာရဲ့ အဘိဓမ္မာမှာ

ရေးထားတာမျိုးရှိတယ်။ အဲ့ဒါက မသိစိတ် နဲ့ သိစိတ် ကြားထဲဖြစ်နေတာကို

ခွဲပြတာမျိုးပေါ့။

ကျွန်တော်တို့ အခုခေတ်မှာတော့ ... conscious-unconscious mind မသိစိတ်၊သိစိတ်တွေထက် ... လူတွေကို Virtual Identity တွေ ပေးထားလိုက်ကြပြီး လူတွေက social media ပေါ်မှာ performance တွေလုပ်နေရမှာမျိုးဖြစ်လာတယ်။

အဲ့ဒီမှာပဲ ... တကယ့်အပြင်က #Reality နဲ့ Digital Audience ကို ကိုယ် perform လုပ်နေတဲ့ ကိုယ့်ရဲ့ Identity နှစ်ခုကြားထဲမှာ ... တကယ်ရော (အစစ်အမှန်) ဟုတ်ရဲ့လား ဆိုတာမျိုးဖြစ်လာကြတယ်။

platform တွေရဲ့ #algorithms တွေက မောင်းတင်ပေးလေလေ

(ဥပမာ Fan ဖြစ်ခွင့်တောင်မှ Top Fan နဲ့ ရိုးရိုး Fan ထိ ခွဲခြမ်းပေးလာတာ။

Group တွေမှာလည်း #Visual_Storyteller , #Conversation_Stater စသဖြင့် လူတိုင်းကို label လုပ်ပေးလာတာတွေ ) ဒီလို မောင်းတင် အားပေးလာတာတွေလုပ်လေလေ .... လူတိုင်းက ဆယ်လီ ဆယ်တစ်လီ ကိုယ်စီသဘော ခံစားမိနေကြပြီး ... ဒီနေ့ ငါ ဘာလေးတင်လိုက်ရ ကောင်းမလဲ

ငါ ဘာလေးလုပ်ပြရကောင်းမလဲ ဖြစ်လာရင်း ကျွန်တော်တို့ရဲ့ personality တွေကို ရှိရင်းစွဲထက် တစ်မျိုးထက်ပိုပြီး ရှိလာစေတယ်။

messaging platform တွေ ... ရွေးချယ်စရာ audio/video/ content အစုံ streaming platform တွေများလာတဲ့အခါ လူတွေရဲ့ platform သုံးစွဲနေမှုအလိုက် စိတ်ခံစားချက် ပုံစံတွေက တသမတ်တည်းမဟုတ်ဘဲ platform ပေါ်မူတည်ပြီး ပြောင်းလဲကြတယ်။

ဥပမာ ... Messenger မှာ ဒီလူ-ဒီလူ ချင်းပြောနေပေမယ့် Instagram Chat မှာ ဒီလူ-ဒီလူ ချင်းပါပဲ (ဒါပေမယ့်) စကားပြောရတဲ့ feeling ချင်းက ကွာသလို ဖြစ်ကြတာမျိုး။

ပြောနေတဲ့ လူနှစ်ယောက်ချင်း အတူတူပေမယ့် ထိုင်ပြောနေကျ လက်ဖက်ရည်ဆိုင် ချင်း ကွာသလိုပေါ့။

ပတ်ဝန်းကျင်မတူလို့ပြောရတဲ့ feeling ကွဲထွက်နေတာမျိုး။

နောက်ထပ်ဥပမာအလွယ်ပြောရင် ... Messenger မှာ chat နေကြ စော်နဲ့/ဘဲနဲ့

စကားပြောရပုံချင်း flirt ရပုံချင်း မတူသလို ခံစားရတာမျိုး ...

တကယ်က ဒီလူ-ဒီလူချင်း (လူအတူတူပဲ) ... platform မတူတဲ့ ခံစားချက်နဲ့

communicate လုပ်တဲ့ ပုံစံ (အစွဲ) ကွာသလို ခံစားရတာမျိုး။

Platform က လမ်းတည်ပေးထားတဲ့ #Pop_Culture နဲ့လည်းဆိုင် တယ်။

Instagram မှာက ပေါက်ပန်းစျေးမတင်ရ လို့ မကန့်သတ်ထားပေမယ့်

Instagram မှာ အထာကျပြီး မိုက်နေရမယ် sexy ဖြစ်နေရမယ်ဆိုတာမျိုး တွေးလေ့ရှိတဲ့ စိတ်တိမ်းညွတ်မှုတွေကြောင့် Messenger မှာ conversation အရှည်ကြီးတွေနဲ့စကားပြောရတာထက် ... IG chat ရဲ့ တခွန်းစ နှစ်ခွန်းစ စကားစမြည်တွေက ပိုပြီး ဆွဲဆောင်မှုရှိနေသလို sexy ဖြစ်နေသလို အမြင်မျိုးတွေ ရှိလာတယ်။

တကယ်တော့ ဒါတွေဟာ Platform တွေရဲ့ စဥ်ဆက်မပြတ် ဖန်တီးနေတဲ့ #design အသစ်သစ်တွေကြောင့်လည်းပါတယ်။ ဒီဇိုင်း မလုပ်နိုင်ဘဲ ကျန်ခဲ့ရင်တော့ အဲ့ဒီလူ အဲ့ဒီ platform ဟာ

ကျန်ခဲ့ရတာပါပဲ။

---ပြန်ခြုံငုံလိုက်ရင်တော့---

အရာရာဟာ Design Thinking ထဲမှာရှိနေတယ်။ ဖန်ဆင်းရှင်ကို ယုံကြည်သူတွေအတွက် ကျွန်တော်တို့ ဖြစ်တည်မှုတွေဟာ ဖန်ဆင်းရှင်ရဲ့ ဒီဇိုင်းပါလို့ တွေးလည်းတွေးချင်စရာပါပဲ။

"လူသားဖန်တီးထားတဲ့ဒီဇိုင်းတွေလိုချင်ရင်တော့ကျွန်တော့်ဆီမှာအပ်ပါ" (Ads_ကြော်ငြာ) 🤣

ကျွန်တော်တို့ဟာ ကိုယ်ဘယ်စနစ်ထဲမှာ ပုံသွင်း (ဒီဇိုင်းလုပ်) ခံထားရသလဲ

မြင်အောင်ကြည့် မြင်နိုင်သလို ... ကျွန်တော်တို့ မမြင်နိုင်တဲ့ (လက်လှမ်းမမီတဲ့) အဲ့လို လက်လှမ်းမမီနိုင်လောက်အောင် မမြင်နိုင်လောက်အောင် ဒီဇိုင်းအလုပ်ကောင်းတဲ့ ..... စနစ်ကြီးတစ်ခုခု အောက်မှာ ကျွန်တော်တို့ တကယ်ကို ပုံသွင်းခံကောင်း ခံထားရမယ်။ အဲ့ဒါကို #Simulation_Theory လို့ခေါ်တယ်။ ဒီလို ခပ်ကြောင်ကြောင်နိုင်တဲ့ အတွေးမျိုး ---

စီးဖြစ် ဝါးဖြစ် စီးပွားမဖြစ်နိုင်တဲ့ အတွေးမျိုး --- ကို

မကြာသေးခင်က ကမ္ဘာ့အချမ်းသာဆုံး အီလွန်မက် #elonmusk လည်း တွေးနေတယ်။ သူပြောတယ် ... (ဟုတ်တယ်.... ကျွန်တော်တို့က ကျွန်တော်တို့ လက်လှမ်း မမီလောက်တဲ့ တွက်လို့မရနိုင်လောက်တဲ့ ကွန်ပျူတာလိုမျိုးစနစ်တစ်ခုရဲ့ ပရိုဂရမ်သွင်းခံထားရတဲ့ထဲက

Game ဇာတ်ကောင်တွေလိုမျိုးတဲ့ ... )

~yktmyat 22/365,21 00:30


Comments


bottom of page