top of page

Decades ဆယ်စုနှစ်များ

  • Writer: ယံ
    ယံ
  • Jun 26, 2021
  • 2 min read

Updated: Jun 28, 2021

ရှင်သန်ခြင်းဟာ ဆယ်စုနှစ် ကိုဖြတ်သန်းတယ် ... (Decades) ဆယ်စုနှစ်တွေဟာ တစ်စုနဲ့တစ်စု လက်ဆင့်ကမ်းတတ်ကြသလို၊ အဆက်ဖြတ်ခဲ့ကြတာမျိုးတွေလည်းရှိခဲ့ကြတယ်။ အသက် ၂၅ နှစ်မှာကွယ်လွန်သွားတဲ့ အဆိုတော်ဒိုးလုံး (1978-2003) ဆိုရင် 1980s, 1990s နဲ့ 2000s (အစောပိုင်း) ဆယ်စုနှစ်တွေပဲမြင်တွေ့လိုက်ရတယ်။ အသက် ၃၃ နှစ်မှာကွယ်လွန်သွားတဲ့ အဆိုတော်ရေမွန် (1988-2021) ဆိုရင် 1990s, 2000s, 2010s နဲ့ 2020s (အစပိုင်း ၆လလေးပဲ) မြင်သွားခဲ့ရတယ်။ ... ၁၈ ရာစု တဝက်ကျော်လာတဲ့ 1750s ဆယ်စုနှစ်ကစလို့ အလောင်းဘုရားဆိုတဲ့ ပထမဆုံးကုန်းဘောင်မင်းဆက်ဟာ အိမ်နီးချင်းပြည်နယ်၊တိုင်းပြည်တွေကို ကျူးကျော်သိမ်းပိုက်ခဲ့တာ ၁၉ ရာစု ရဲ့ 1840s ဆိုတဲ့ ဆယ်စုနှစ်အစောပိုင်းထိပဲ ... အလောင်းဘုရားမင်းကနေ သူ့ရဲ့မြစ် ဘကြီးတော်မင်းအထိ မင်းဆက် ၇ ဆက် Decades ဆယ်စုနှစ်ပေါင်း ၉ စု (နှစ်ပေါင်း ၉၀ ) နယ်ချဲ့ခဲ့ကြတယ်။ ... ၁၉ ရာစု အလယ် 1830s ဆယ်စုနှစ်မှာ တက်လာတဲ့ သာယာဝတီမင်းလက်ထပ်မှာတော့ နယ်ချဲ့ဖို့ထက်၊ ကုန်းဘောင်မင်းဆက်တိုင်းပြည်ကို လာကျူးကျော်နေပြီဖြစ်တဲ့ ဗြိတိသျှတွေကို ပြန်တိုက်ခိုက်နေရပြီ။ ... အဲ့ဒီအချိန်မှာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၉၀ လုံး ရန်ပြုခံနေရတဲ့ ပြည်နယ်၊နိုင်ငံတွေက ကုန်းဘောင်မင်းဆက် ကို ခုခံနိုင်ဖို့ စစ်အင်အား၊ ဓနအင်အားနဲ့ လူနေမှုပညာအဆင့်အတန်းတွေကို ဥရောပအကူအညီနဲ့ မြှင့်တင်နေကြပြီ။ 1840s, 1850s, 1860s, 1870s, 1880s ဆိုတဲ့ နှစ် (၅၀) လုံးမှာ ကုန်းဘောင်မင်းဆက် ဟာ ထီနန်းမပျက်သုဥ်းဖို့တိုက်နေခဲ့ကြတယ်။ နောက်ဆုံးတော့ သိတဲ့အတိုင်း 1880s ကုန်ခါနီး မှာ ဗြိတိသျှလက်အောက်ကို ကုန်းဘောင်မင်းဆက်ရောက်ပြီး ထီးနန်းလည်းပျောက် ၊ နိုင်ငံဟာလည်း British Burma ဖြစ်လာတယ်။ ... အဲ့ဒီလို ကုန်းဘောင်မင်းဆက်မှာ မင်းတုန်းမင်း နဲ့ သီပေါမင်း တို့ ၁၈၅၃ မှ ၁၈၈၅ ထိ (မင်းနှစ်ဆက်အချိန်ကာလ) မှာ ထိုင်းဘုရင် Chulalongkorn (၁၉ ရာစု) ၁၈၆၈ မှ ၁၉၁၀ ထိနန်းသက်စံခဲ့တယ်။ ... ၁၉ ရာစု အစပိုင်းမှာ ဘကြီးတော် မင်းလက်ထပ်မှာ ဗြိတိသျှတွေက စတင်ကျူးကျော်လာချိန်ကစလို့ နောက်ဆုံး ၁၈၈၅ ခုနှစ် သီပေါမင်း လက်ထပ်မှာ ကုန်းဘောင်နန်းကျ ကိုလိုနီဘဝရောက်ခဲ့ရတဲ့ အဖြစ်ကိုလေ့လာကြည့်ရင် ၁၉ ရာစုမှာ ကုန်းဘောင်မင်းဆက်ဟာ စိတ်ကြီးဝင်နေခဲ့ဟန်တူတယ်၊ စစ်ရေး အဆင့်မြှင့်တင်နိုင်ခဲ့မှုတွေ ၊ လူမှုဘဝမြှင့်တင်မှုတွေ မရှိခဲ့ဘူး။ ... ထိုင်းဘုရင် Chulalongkorn လက်ထပ်မှာတော့ ထိုင်းနိုင်ငံဟာ ခေတ်မီလက်နက်တပ်ဆင်တဲ့အပိုင်းမှာ အတော်လေး ခရီးပေါက်နေခဲ့တယ်။ ... British Burma ဆိုတဲ့ ဗြိတိသျှအိန္ဒိယပြည်နယ်ခွဲထဲက နိုင်ငံဟာ တဖြည်းဖြည်းချင်းသိမ်းပိုက်ခံလာရတဲ့ နှစ်ကစတွက်ရင် ၁၈၂၄ မှ ၁၉၄၈ အထိဆိုရင် နှစ်ပေါင်း ၁၂၄ နှစ် ကိုလိုနီအောက်မှာ ရှိနေခဲ့တယ်။ ... ကုန်းဘောင်မင်းဆက် ဘကြီးတော်မင်းဟာ ၁၈ ရာစု_ဆင်ဖြူရှင်းမင်းလက်ထပ်က သိမ်းနိုင်ခဲ့တဲ့မဏိပူရကို ပြန်ယူဖို့ ၊ အယုဒ္ဓယကို ကိုယ့်ဘက်က ဆက်လက်ကျူးကျော်နေဖို့ တွေနဲ့အတူ ၊ အင်္ဂလိပ်တွေပထမဆုံးလာကျူးကျော်ခံရတာကိုပါ စတင်ကြုံတွေရတဲ့ ၁၉ ရာစုရဲ့ _ ပထမဆုံး ကုန်းဘောင်မင်း။ ... ဝဋ်လည်တယ်ပဲခေါ်ရမလားပဲ ... ပြီးတော့တဖက်အကျူးခံရတဲ့ပြည်နယ်၊ နိုင်ငံတွေက ကျိန်စာတွေလည်း တိုက်ခဲ့ကြမှာပဲ။ ... ၂၀ ရာစုမှာတော့ 1910s ဆိုတဲ့ဆယ်စုနှစ်ထဲ ပြင်သစ် vs ဂျာမနီ ပထမကမ္ဘာစစ်ဖြစ်။ 1940s ထဲမှာ ဆိုဗီယက်(ရုရှား) vs ဂျာမနီ ဒုတိယကမ္ဘာစစ်ဖြစ်။ ဒုတိယကမ္ဘာစစ်ထဲမှာ ဗမာ တွေက လွတ်လပ်ရေးအသိအမြင်နိုးကြားလာတော့ ကိုလိုနီအောက်ကလွတ်ဖို့ ဒုတိယကမ္ဘာစစ်ကြီးထဲ ... ဂျာမနီရဲ့မဟာမိတ် ဂျပန်တွေကို ကူပြီး ဆိုဗီယက်မဟာမိတ် အင်္ဂလိပ်ကိုတိုက်တလှည့်၊ နောက် ဂျပန်တွေကိုပြန်တိုက်ဖို့ အင်္ဂလိပ်တွေကို ပြန်ကူတလှည့်နဲ့ ... 1945 မှာ ဒုတိယကမ္ဘာစစ်ပြီး၊ 1945-47 အတွင်းမှာ ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရ။ 1948 မှာ ဗမာနိုင်ငံလွတ်လပ်ရေးရ။ ... နောက် 1950s ဆိုတဲ့ ဆယ်စုနှစ်ထဲ ဦးနုအစိုးရ ရဲ့ Union of Burma ခေတ်ကနေ 1960s, 1970s, 1980s တွေထိ ဗိုလ်ချုပ်နေဝင်းရဲ့ ဗမာဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ်ကြီးရှိနေခဲ့။ ... 1990s အစောပိုင်းလေးမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ရဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး န.ဝ.တ ခေတ်ရှိခဲ့ပြီး ဒုဗခမက သန်းရွှေနဲ့ ဗခက ခင်ညွှန့်တို့က ဗခမက စောမောင်ကို counter-coup ပြန်လုပ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးကောင်းစီ န.အ.ဖ ကို ထူထောင်။ 1990s, 2000s ဆယ်စုနှစ်နှစ်စုလုံးဟာ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ (မြန်မာနိုင်ငံ ဆိုတဲ့ ၁၉၈၈ နာမည်ပြောင်း) နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ရှိနေ။ ... 2010s မှာ ပါတီစုံရွေးကောက်ပွဲ ၊ ပြည်နယ်၊တိုင်းဒေသကြီးလွှတ်တော်တွေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖြစ်လာ USDP ဥက္ကဌ သမ္မတ ဦးသိန်းစိန် ၅ နှစ်အုပ်ချုပ်၊ NLD ဥက္ကဌ State Counselor ဒေါ်အောင်ဆန်းစုကြည် ၅ နှစ်အုပ်ချုပ်။ ... အခု 2020s ဆိုတဲ့ ဆယ်စုနှစ်ထဲ ... ဗခမက မင်းအောင်လှိုင်က ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖမ်းဆီး၊ စစ်အာဏာသိမ်း။ ... ဆယ်စုနှစ်တွေ ဆယ်စုနှစ်တွေ ... ကြိုတွက်ထားလို့ရတဲ့ ဆယ်စုနှစ်တွေ ရှိသလို မထင်မှတ်ဘဲ ဖြစ်သွားတဲ့ ဆယ်စုနှစ်တွေ ... ထင်ပေါ်ကျော်ကြားတဲ့လူတွေ နိုင်ငံရေး ၊ စီးပွာရေး ၊ အနုပညာ ၊ သိပ္ပံ အကျော်အမော်တွေ ... ကိုယ်နဲ့သက်ဆိုင်တဲ့ တွေ့-ကြုံ-ဆုံ-ကွဲခဲ့ရတဲ့လူတွေ ... ... 1990s ဆိုတဲ့ဆယ်စုနှစ်ထဲမွေးတဲ့ကျနော်ဆိုရင် အသက် ၈၀ ကျော်ထိ Life Expectancy က ရှိမယ်ထား ... 2060s ဆိုတဲ့ ဆယ်စုနှစ်အထိ မြင်တွေ့ခွင့်ရဦးမယ် ... ... ဆယ်စုနှစ် သုံးစုစာ 1990s, 2000s, 2010s ဆိုတဲ့အတိတ်ကာလကိုတော့ ကိုယ်တွေ့မြင်ခဲ့ရပြီးပြီ မမြင်ခဲ့ရတဲ့ ရာစုနှစ်တွေ ဆယ်စုနှစ်တွေနဲ့ ... မမြင်ရသေးတဲ့အနာဂတ် ဆယ်စုနှစ်တွေအတွက် အရာရာကို ကြောင်းကျိုးဆီလျော်လေ့လာခွင့်ရပြီး လူ့အခွင့်အရေးမဆုံးရှုံးဘဲ နေထိုင်ခွင့်ရတဲ့ လူဖြစ်ချင်တယ် ... ဖြစ်ခွင့်ရမလား ၊ ဖြစ်အောင်ကြိုးစားနိုင်မလား ... ဒါက ကိုယ့်ရဲ့ ကံ၊ဥာဏ်၊ဝီရိယတွေပဲ ... 175/365_21 yktm


Comments


bottom of page