How to Control Influencer Misleading
- ယံ

- Jun 22, 2021
- 1 min read
Influencer Misleading ဖြစ်မယ့်အရေးကိုကာကွယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး
V-Rohto အကိုင်ကြမ်းသလားလို့ ကျနော်တွေးမိရင်း V-Rohto ရဲ့ Brand Personality မှာ
Tone of Voice ဘယ်လိုရှိနေသလဲ ပြန်စစ်ကြည့်တယ်။

စိုင်းစိုင်း၊ရဲအောင်၊ဖြူဖြူထွေး ကိစ္စတွေမှာ အပိုအလိုမရှိဘဲ Tone အတူတူ
ကြေငြာထားတာကိုတွေ့ရတယ်။

Audience ဆီကို Brand Message အရောက်ပို့ ဖို့ဆိုတဲ့ကိစ္စမှာ
Facebook Total Reactions ( emotions, comments, share, other click ) တွေထက်
Brand ကို မှတ်မိပြီး Sales တက်လာဖို့ (တကယ်ဝယ်သုံးကြတာဖြစ်ဖို့) မဟုတ်လား ...
တကယ်ဝယ်သုံးဖြစ်အောင် ဝယ်သုံးနေအောင် Brand Personality ဟာ
စားသုံးသူတွေနဲ့ သဟဇာတ ဖြစ်ဖို့လိုတယ်မဟုတ်လား??
အခုကာလတွေက Brand Awareness Campaign တွေထက်
Sales Campaign ကို ဦးစားပေးနေရတာကြောင့်
Influencer တွေထက် ...
Key Opinion Leader (KOL) မျိုးတွေ ပြန်သုံးဖို့လိုလာမယ်။
တချို့ လုပ်ငန်းတွေ ၊ advertiser တွေဟာ Influencer နဲ့ KOL နဲ့ကိုမခွဲခြားတတ်ကြဘူး။
အတူတူပဲလို့တောင် ထင်နေကြသူတွေရှိတယ်။ ဒါကို ကိုင်တွယ်နိုင်တဲ့လူက
အသုံးတည့်အောင် အသုံးချသွားပါလိမ့်မယ်။
လူသိများတာ၊ ရုပ်လှတာတွေ / trend နောက်လိုက်တဲ့ content တိုင်းဖန်တီးနေတဲ့ Influencer ခေတ် decline (အကျဘက်) ဖြစ်နေပြီး၊ Brand အကြောင်းကို ဆွေးနွေးပေးနိုင်တဲ့ Key Opinion ကို Lead လုပ်နိုင်မယ့်လူကို အဓိကအားထားတဲ့ပုံစံနဲ့ Brand Ambassador ခန့်တာတွေဟာ အခုလို ရောဂါကပ်၊ စီးပွားကပ်၊ နိုင်ငံရေးပြဿနာ၊ လူမှုပြဿနာကပ်တွေမှာ ရွေ့လျားနေတဲ့ ကြော်ငြာလုပ်ငန်းခွင်နဲ့ သင့်လျော်ပါလိမ့်မယ်။
📝 yktm.



Comments