ဇာတ်လမ်းဇာတ်ညွှန်း
- ယံ

- Jul 3, 2021
- 2 min read
ဇာတ်လမ်းကို ဇာတ်ညွှန်းဖြစ်လာဖို့ ကျွန်တော်တို့က သုံးပိုင်း ပိုင်းတယ်။
ခါတိုင်းလိုပဲ Act One , Two , Three ဆိုပြီး ပေါ့ ...
ဒါက လုပ်နေကျအတိုင်း ဇာတ်လမ်းဟာ ဘယ် plot ထဲရောက်နေပြီဆိုတာ
pin ထောက်ကြတယ်။
ဇာတ်ညွှန်းအဆင့် မရောက်သေးတဲ့ ဇာတ်လမ်းတွေကို ဇာတ်ညွှန်းအကြမ်းခွဲပေးဖို့ ကျွန်တော့်ကို Filmmakers အသိတွေ အကူအညီတောင်းလေ့ရှိကြတယ်။ အများအားဖြင့် သူတို့ မူရင်း ဇာတ်လမ်း
ကျောရိုးကို မသွေဖီဘဲ ၊ စိတ်ကူးယဥ်ဆန်လွန်းနေတဲ့ ဇာတ်လမ်းထဲက ဆန္ဒကို
လက်တွေ့ကမ္ဘာထဲက အဖြစ်အပျက်တချို့ထည့်ပေးလိုက်ပြီး အဓိကဇာတ်ကောင် ချွေးပြန်သွားအောင် လုပ်ပေးလိုက်တယ်။
လုပ်နေကြအတိုင်းပဲပေါ့ ... ပြောပြလာတဲ့ ဇာတ်လမ်းကို သုံးပိုင်းပိုင်းတယ်။
ဒါကလည်း ၁၉၇၈ မှာ စာရေးဆရာ Syd Field ပြန်ပြုစုပေးထားတဲ့
Three Act Structure လမ်းစဥ်ထဲကပါပဲ။ အဲ့ဒီနည်းက ကျွန်တော့်လို
Generation Y တစ်ယောက်ရဲ့ ဇာတ်ညွှန်းရေးသားခြင်းမှာ အများကြီး
တွန်းအားဖြစ်စေတယ်။ ဒါပေမယ့် Frame ကိုပဲ ကျွန်တော် ယူလိုက်တယ်။
တစ်ပိုင်းခြင်းစီရဲ့ အသုံးပြုနည်းမှာ ကိုယ့်အဓိပ္ပါယ်၊ ကိုယ့်နားလည်မှုနဲ့ကိုယ်
ဖွင့်ဆိုထားတယ်။
ဇာတ်ညွှန်း တစ်ပုဒ်ရဲ့ Act One မှာ အစိတ်အပိုင်း သုံးပိုင်းပါတယ်။
Act One
(a) Beginning ( စတင်ခြင်း )
(b) Inciting Incident ( အကြောင်းရင်းခံ အစပြုခြင်း )
(c) Second Thoughts ( ဆန့်ကျင်ဘက်အတွေးများ )
အဲ့ဒီ Act One ကို Set Up လို့ခေါ်တယ်။ ဘယ်လိုဇာတ်လမ်းမျိုးကို
ခင်းကျင်းနေသလဲ သိအောင် ပြရတဲ့အပိုင်းပေါ့။ အချစ်ကား ရိုက်နေတာလား
အက်ရှင်လား ၊ သရဲကားလား ဒါမျိုး။
ပုံမှန်အရ Act One ရဲ့ စတင်ခြင်းအပိုင်း Beginning ဟာ ရုပ်ရှင်ရဲ့ ၁၀ မိနစ်အတွင်းမှာ ပေါ်လွင်ရတယ်။
စတင်ခြင်းအပိုင်းကို တည်ဆောက်ဖို့ ... (ကျွန်တော့်အမြင်အရ)
(၁) ပတ်ဝန်းကျင် ( မြို့ပြ/ကျေးလက် ၊ ခေတ်ဟောင်း/ခေတ်သစ် etc )
(၂) ရပိုင်ခွင့် ( ဇာတ်ကောင်တစ်ယောက်ချင်းရဲ့ အရည်အချင်း ၊ လုပ်ဆောင်နိုင်စွမ်း ၊ အပြုအမူ )
(၃) လိုအင်ဆန္ဒ ( ဇာတ်ကောင်များ (သို့မဟုတ်) ဇာတ်လိုက် လိုချင်နေတဲ့ ဆန္ဒ )
ဒါတွေနဲ့ တည်ဆောက်ရတယ်။
အဲ့ဒီလို ဇာတ်လိုက်ရှင်သန် ကျင်လည်နေတဲ့ ပတ်ဝန်းကျင် ကိုတည်ဆောက်ပြီး
သူ့ရဲ့ လုပ်နိုင်စွမ်း ( character archetype ) တွေဖန်တီးပြီးတဲ့အခါ ...
သူလိုချင်နေတဲ့ ဆန္ဒ ဟာ တကယ်ပဲ ရလာနိုင်မလားဆိုတဲ့
စတင်ခြင်း ပေါ်လာတဲ့အခါ ... ဇာတ်လမ်းဟာ ရှေ့ကိုဆက်လို့ရလာတယ်။
အဲ့ဒီအခါ ... ကြည့်တဲ့ ပရိသတ်အတွက် ဇာတ်လမ်းရဲ့
အကြောင်းရင်းခံ ဘယ်မှာ အစပြုနေသလဲ ဆိုတဲ့ ... Inciting Incident ကို
စပြီးသတိထားမိလာတယ်။
ဒါပေမယ့်သိတဲ့အတိုင်း လူ့စိတ်ဟာ တစ်မျိုးတည်း သွားနေတာမျိုးမဟုတ်ဘူး။
ဝိရောဓိ တွေနဲ့ ရှင်သန်လေ့ရှိတယ်။ ဆန့်ကျင်ဘက်အတွေးတွေ ပေါ်လာတယ်။
ဆိုလိုတာက ဇာတ်လိုက်ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ လွယ်လွယ်နဲ့တော့
မရဘူး။ ခက်ခဲစေမယ်။ အခက်အခဲ ပေါ်စေမယ်။ အဲ့ဒီ အခက်အခဲဟာ
စတင်ခြင်း အပိုင်းရဲ့ အမြင့်ဆုံး Tempo တစ်ခုဖြစ်တယ်။
(စကားချပ်။ တချို့ ဇာတ်ညွှန်းတွေဟာ စတင်ခြင်းအပိုင်းမှာ ဇာတ်လိုက် ကို
တစ်ယောက်ထက် ပိုထည့်ထားမှန်းသိသာအောင်ပြတယ်။ ဒါက
နောက်ပိုင်းလိုအပ်လာတဲ့အခါ ဇာတ်အရှိန်ကို ပြန်ထိန်းနိုင်ဖို့ ဇာတ်လိုက်
တစ်ယောက်ကို အစဖျောက်ပစ်တာမျိုးအတွက် ကြိုရံထားတာမျိုးလည်း
ဖြစ်တယ်။)
ဇာတ်ညွှန်းတွေဖတ်တဲ့အခါ ကျွန်တော့်အနေနဲ့ Tempo ဖမ်းတတ်ဖို့လိုတယ်။ ဇာတ်ညွှန်းတစ်ပုဒ် တည်ဆောက်ပုံအရ Content Graph ဟာ စတင်ခြင်းအပိုင်းအတွက် Ascending ဖြစ်လာတာပဲရှိမယ်။ Constant သွားနေမှာမျိုးမဟုတ်ဘူး။ ဒါကြောင့် Act One တော့ ဘယ်မှာပြီး ပြီ။ ဒါက Act One ရဲ့ အမြင့်ဆုံး Tempo ပဲ ဆိုတာ ကျွန်တော်သိအောင်လုပ်ရတယ်။ ဒါမှ Act Two ကို ဆက်တည်ဆောက်လို့ရမယ်။ 📝yktm




Comments