top of page

Prayer Hands

  • Writer: ယံ
    ယံ
  • Jun 17, 2021
  • 1 min read

ကျနော် ပန်းချီစာအုပ်တစ်အုပ်ဖတ်ဖြစ်ရင်း ... ဂျာမန်ပန်းချီဆရာရဲ့လက်ရာတွေကိုစိတ်ဝင်စားတာနဲ့ သူ့ကားတွေကို အင်တာနက်မှာ ပြန်ရှာကြည့်ဖြစ်တယ်။ ကျွန်တော်တို့မြင်ဖူးနေကျ Prayer Hands ဆိုတဲ့ပန်းချီကားကိုသွားတွေ့တယ်။ လွန်ခဲ့တဲ့ နှစ် ၅၀၀ ကျော်က ဂျာမန်ပန်းချီဆရာ Albrecht Dürer ဆွဲထားတဲ့ပန်းချီပေါ့။ မင်တံနဲ့ပဲခြစ်ထားတယ်။ ဒီကားကို အပေါ်ယံ ဒီတိုင်းကြည့်ရင်တော့ဗျာ လူတစ်ယောက် ဘယ်-ညာ လက်ဖဝါးနှစ်ဖက်ပူးပြီးဆုတောင်းတယ်ပေါ့။ ဒါပေမယ့်မဟုတ်ဘူး။ ပန်းချီကားအကြောင်း မှတ်တမ်းတင်ထားတဲ့ အချက်အလက်မှာ ဒီလက်စုံက လူနှစ်ယောက်ရဲ့ ဘယ်တစ်ဖက် နဲ့ ညာတစ်ဖက်စီကို ဆွဲထားတယ်လို့ ပြောတယ်။ ဘုရားသခင်သံမန်တော် ၁၂ ယောက်ထဲက ၂ ယောက်ရဲ့ လက်တွေကို စိတ်ကူးပြီးရေးထားတယ်လို့မှတ်တမ်းတင်ထားတယ်။ နှစ် ၅၀၀ ကြာပြီဆိုတော့ ရာစုနှစ် ၅ စုထဲ တစ်စုစုလောက်မှာ အမှန်တရားတစ်ခုကို ဖုံးကွယ်ထားတာမျိုးလားလို့ စိတ်ဝင်စားမိတယ်။ ဘယ်လိုကြည့်ကြည့်ဗျာ။ လူတစ်ယောက်တည်းရဲ့ ဘယ်-ညာလက်ဖဝါးပူးထားတဲ့ ကိုယ်နေဟန်ထားလို့ပဲ ကျနော်ကတော့ မြင်တာပေါ့။ ဘာသာရေးလွှမ်းမိုးမှုအရ၊ ပန်းချီကားရဲ့ အဓိပ္ပါယ်ကို လိုသလိုပုံသွင်းသလားလို့ ထင်ရတာမျိုးပေါ့။ သမိုင်းဆိုတဲ့အရာက "အင်အားကြီးတဲ့အုပ်စုကပဲ လိုအပ်သလို ရေးသားတတ်ကြတော့" ကိုယ်စိတ်ဝင်စားတဲ့ အမှန်တရားကို သိဖို့က၊ သမိုင်းဟောဆရာတစ်ယောက်တည်းနဲ့ မလုံလောက်တာတွေကလည်း ဒီအနုပညာထည် ပန်းချီကားလေးတစ်ချပ်မှာလည်း ရှိနေပြန်တယ်။ #prayinghands Painting © artist #AlbrechtDürer


Comments


bottom of page