One Scene Screenplay
- ယံ

- Jan 26, 2021
- 1 min read
SCENE ONE
(အိမ်အပြင်) ရန်ကုန် မြို့ ဗားဂရာလမ်းတနေရာ ။ ည ၁၂ နာရီခွဲ ။ ... ATM ငွေထုတ်စက်မျက်နှာပြင်ပေါ်တွင် ဖုန်မှုန့်များ ပေကျံနေသည်။ လက်ဗွေရာတချို့လည်း ကျန်နေသည်။ ၎င်း ATM စက်ရှေ့ နှင့် အနီးပတ်ဝန်းကျင် တွင် ဝဏ္ဏ မှလွဲ၍ မည်သူမျှမရှိ။ ဝဏ္ဏ သည် အသက် ၃၀ အရွယ်ခန့် ဖြစ်ပြီး ၊ နက်ပြာရောင်ခေါင်းစွပ်အင်္ကျီ၊ ပုဆိုးခပ်တိုတို နှင့် ရာဘာခြေညှပ်ဖိနပ် တို့ကိုဝတ်စားထားသည်။ မျက်နှာတွင် အစိမ်းနုရောင် Surgical Mask ကိုစနစ်တကျ တပ်ဆင်ထားပြီး လက်တွင် ရာဘာလက်အိတ်လည်းစွပ်ထားသည်။ ... လက်ထဲ ကိုင်ထားလက်စ တစ်ရှူးစက္ကူဖြင့် ATM စက်မျက်နှာပြင်မှဖုန်မှုန့်များကို ဝဏ္ဏသုတ်လိုက်သည်။ လက်ဗွေရာများလည်း ရှင်းသွားသည်။ ငွေကျပ် ၁ သိန်းထုတ်ရန် Screen ပေါ်တွင် လက်ညှိုးထောက်၍ အဆင့်ဆင့်ရွေးချယ်သည်။ ပြေစာစက္ကူ စောင့်ယူမနေတော့ဘဲ ငွေ ၁ သိန်းကိုင်၍လှည့်ထွက်လာပြီး လမ်းတဖက်ခြမ်းသို့ ဝဏ္ဏ ဖြတ်ကူးလိုက်သည်။ ... အရှိန်ဖြင့်မောင်းလာသည့် ရဲကားတစ်စီး ရှိနေသည်ကို ဝဏ္ဏ သတိမကပ်မိလိုက်ပါ။ လေထဲ စက္ကန့်ပိုင်းမျှ ဝဏ္ဏ လွင့်သွားပြီး ကတ္တရာလမ်းပေါ် ခပ်ကြမ်းကြမ်း ပြုတ်ကျသွားသည်။ ( ဝဏ္ဏ ကို ရဲကား တိုက်သွားခဲ့ခြင်း ဖြစ်သည် ) ... ဦးခေါင်းမှာ သွေးများပေကျံနေပြီး ကတ္တရာလမ်းပေါ် ဝဏ္ဏ မျက်နှာတင်လျက်သား လဲကျနေခြင်းဖြစ်သည်။ ဝဏ္ဏ မှာ သူ၏ လက်ချောင်းလေးကိုသာ အနည်းငယ် လှုပ်နိုင်တော့သည်။ ... ဝဏ္ဏကို တိုက်သွားသည့် ရဲကားမှာလည်း ထိုးရပ်သွားသည်။ ကားနောက်ခန်းမှ အနက်ရောင်ခေါင်းစွပ် စွပ်ထားသည့် လူတစ်ယောက်တံခါးဖွင့်၍ ထွက်လာသည်။ ထိုကားနောက်ခန်းတွင် ရဲတပ်သားတစ်ဦး သွေးများဖြင့်ခွေလျက်သား လဲကျနေသည်ကိုလည်း တွေ့လိုက်ရသည်။ အနက်ရောင်ခေါင်းစွပ် ဖြင့် လူမှ ဝဏ္ဏ ကိုလာကြည့်သည်။ ဝဏ္ဏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး ဝဏ္ဏ အခြေအနေကို သေချာကြည့်သည်။ တစ်သောင်းတန် ဆယ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် ဝဏ္ဏလက်ကို ကိုင်လိုက်ပြီး ပိုက်ဆံများကို ဆွဲယူလိုက်သည်။ ... [ ရဲကား မောင်းသူ ] မှ လှမ်းအော်သည်။ “ မပြီးနိုင်ဘူးလား သားကြီး “ ... ဝဏ္ဏ ၏ ပိုက်ဆံများကို ယူလာသည့် ခေါင်းစွပ်ဖြင့်လူမှ ကားနောက်ခန်းပေါ် ပြန်တက်သွားသည်။ ထို့နောက် ထိုရဲကားလည်း မောင်းထွက်သွားသည်။ ကတ္တရာ လမ်းပေါ် ဝဏ္ဏ တစ်ယောက်တည်းကျန်နေခဲ့၏။ လွန်ခဲ့သည့် မိနစ်အနည်းငယ်ထက် ဝဏ္ဏ ခေါင်းမှ သွေးများ ဟာ ပို၍ ယိုစီးနေသည်။ ဝဏ္ဏ အသက်ရှုနိုင်သေး။
THE END.
...
Screenplay Title: “survival”
Written By yktm




Comments