Hierarchy of Needs အယူအဆ
- ယံ

- Jun 19, 2021
- 1 min read
လူဖြစ်လာခြင်းဆင့်ကဲလိုအပ်ချက် ( Hierarchy of Needs ) ကို ပိရမစ်နဲ့ ပြလေ့ရှိကြပေမယ့် Maslow ရဲ့ သီအိုရီကိုယ်တိုင်မှာက ပိရမစ် နဲ့ မဖော်ပြခဲ့ဘူး။ Maslow ရဲ့ လူဖြစ်လာခြင်းဆင့်ကဲလိုအပ်ချက်များကို ကျနော် ကတော့ Funnel Shape နဲ့ မြင်တယ်။ စိတ်ပညာမှာ Hierarchy of Needs အယူအဆကို ဆင့်ကဲလိုအပ်ချက်ဆိုတဲ့အတိုင်း တဆင့်ပြီးမှတဆင့် လိုအပ်ချက်များလို့ ရေးနေကြပေမယ့် ... ဒီလိုအပ်ချက်တွေအားလုံးဟာ လူ့စိတ်မှာတပြိုင်တည်း တောင့်တနေကြတာကြောင့် ၊ ဒီလို "မိမိဖြစ်တည်မှုကို ဆန်းစစ်သိနားလည်ခြင်း" ဆိုတဲ့ မိမိကိုယ်ကိုအကောင်းဆုံးအသုံးချနိုင်တဲ့အဆင့်(၃) self-actualization အထိ funnel (ရေစစ်)လို "ငါ" "ငါ" "ငါ"ဆိုတဲ့ "အနည်အထိုင်"-"ငါ ဖြစ်တည်ခြင်း"တွေကိုစစ်ယူသွားနိုင်ဖို့ဆိုတာ ... လူသားအခွင့်အရေး ကို အပြည့်အဝပေးနိုင်တဲ့ နိုင်ငံ မှာပဲ ရှိနိုင်တယ်။

ဒီလို "မိမိဖြစ်တည်မှုကို ဆန်းစစ်သိနားလည်ခြင်း/မိမိကိုယ်ကိုအကောင်းဆုံးအသုံးချနိုင်ခြင်း" ဆိုတဲ့
Self-Actualization ဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်မှပဲ ရနိုင်သလား ၊ ဒီမိုကရေစီ အမျိုးအစားတွေအများကြီးထဲမှာမှ ဘယ်လိုဒီမိုကရေစီစနစ်မျိုးဟာ လူ့အခွင့်အရေးကို အပြည့်အဝပေးနိုင်တာမျိုးလဲ၊ ဒါမှမဟုတ် ဒီ့ထက် သာလွန်တဲ့ ခေတ်သစ်နိုင်ငံရေးဝါဒမျိုးဟာ လူတစ်ယောက်ရဲ့ မိမိကိုယ်ကိုအကောင်းဆုံး အသုံးချနိုင်စွမ်းကို ပိုပြီးဖော်ဆောင်ပေးနိုင်လား ဆိုတဲ့ မေးခွန်းတွေဟာ နွေဦးတော်လှန်ရေးကြောင့် ထပ်ဆင့်တွေးမိလာစေတယ်။
Self-Actualizers မိမိဖြစ်တည်မှုကိုသိသွာတဲ့ လူတချို့ဟာ ကိုယ်နဲ့မသက်ဆိုင်တဲ့ ပတ်ဝန်းကျင်မှာ "ခပ်ခွာခွာ" နေဖို့ကြိုးစားလာကြတယ်။ လူများစုအရေးကိစ္စတွေမှာတက်ကြွလှုပ်ရှားဖို့ စိတ်ဝင်စားတတ်ကြပေမယ့်၊ ဝိရောဓိဆန်မယ့်ကိစ္စအသေးအမွှားတွေကို ဝင်မပါဘဲ လုံးဝရှောင်နေကြတယ်။ လူမှုကွန်ယက်တွေဟာလည်း နိုင်ငံရေးမှာလူတိုင်းပါဝင်ဆွေးနွေးနိုင်ဖို့ဖြစ်လာတဲ့အတွက် တစ်ဦးတစ်ယောက်ချင်းရဲ့နိုင်ငံရေးအမြင် ဘယ်လိုရှိသလဲဆိုတာကို အကဲခတ်ခွင့်ရလာတယ်။ ကိုယ့်နိုင်ငံရေးအမြင်၊သဘောထားကို လူသိမခံဘဲ လျှို့ဝှက်ထားရမယ် ဆိုတာမျိုး မရှိပေမယ့် အကယ်၍ နိုင်ငံရေးမှာ ဝင်မပါဘူးလို့တွေးထားခဲ့ရင်တောင်၊ နိုင်ငံလူဦးရေအများစု တညီတည်းရပ်တည်နေတဲ့ နိုင်ငံရေးသဘောထားမှာ ကိုယ့်ကိစ္စမဟုတ်သလိုနေမရတော့ဘဲ ပြဿနာကိုအပြီးပြတ်အဖြေရှာဖို့တာဝန်ဟာ နှစ်ဖက်ပါတီလုံးအတွက်ဖြစ်လာတယ်။
📝 yktm



Comments