top of page

Grass is more greener syndrome

  • Writer: ယံ
    ယံ
  • Jun 12, 2021
  • 1 min read

တဖက်ခြံထဲမှာ ပေါက်တဲ့မြက်ဟာပိုစိမ်းမှာပဲ ဆိုတဲ့အတွေးမျိုးကို Grass is more greener syndrome (GIGS) လို့ ခေါ်ကြတယ်။ ဒီအတွေးမျိုးက __ နိုင်ငံရေး ၊ လုပ်ငန်းခွင်၊ မိသားစု ၊ အိမ်ထောင်ရေး ၊ အချစ်ရေး တွေမှာဖြစ်လေ့ရှိကြတယ်။ ဥပမာ။ ___ နှစ်အတော်ကြာဖြစ်ဖြစ်၊ ကာလတစ်ခုမှာဖြစ်ဖြစ် တွဲနေကြတဲ့ ရည်းစားအတွဲမှာ ကောင်လေးဖြစ်ဖြစ်၊ ကောင်မလေးဖြစ်ဖြစ် GIGS ရှိတတ်ကြတယ်။ ဘယ်လိုမျိုးလဲဆိုရင် "သူ့ထက်ကောင်းတဲ့ ရည်းစားမျိုး ရှိနိုင်သေးတယ်" ဆိုတဲ့အတွေးမျိုး ... ဒါမျိုးက "ခြံခုန်ချင်တဲ့အတွေး" မျိုးတော့မဟုတ်ဘူး ... လက်ရှိကိုယ်ရထားတဲ့ ရည်းစားမှာ ရှိနေတဲ့ "ကိုယ်ကျေနပ်ထားတဲ့ တန်ဖိုး" တွေထက်ပိုပြီး "အနာဂတ်ဖူးစာရှင်"လို့ ထင်ရတဲ့ တစ်ယောက်ယောက်မှာ ရှိနေနိုင်သေးတယ် ဆိုတဲ့အတွေးမျိုးပေါ့။ အတွဲတစ်တွဲမှာ အဲ့ဒီလို GIGS အတွေးမျိုး စဝင်လာတဲ့လူက အဲ့ဒီ RS ကို အဆုံးသတ်ပေးမယ့်လူပါပဲ။ GIGS ရဲ့သဘောတရားအရ ... လူတစ်ယောက်ဟာ လက်ရှိအခြေအနေထက် ပိုပြီး သစ်လွင်ချင်တာ၊ စွန့်စားချင်တာ၊ ပိုကောင်းချင်တာမျိုး ဖြစ်လာတဲ့အခါ မသိစိတ်ထဲမှာမူလအခြေအနေကို မုန်းတီးပြီးသား ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် GIGS ပြဿနာဝင်သွားတယ်လို့ ယူဆရတဲ့ RS ကိစ္စတွေကို ခြေရာခံကြည့်တဲ့အခါ အခြေအနေ (၂) မျိုးရှိနေတယ်။ RS မပြတ်သွားခင်ကတည်းက "ပိုကောင်းမယ်"လို့ထင်ရတဲ့ မြက်ကိုစားကြည့်ထားတဲ့ အခြေအနေနဲ့ မြက်အသစ်ကို မစားကြည့်ရသေးပေမယ့် ၊ မြက်အဟောင်းကို မစားတော့ဘူး ဆိုတဲ့ အခြေအနေ ။ ဘယ်အခြေအနေပဲဖြစ်ဖြစ် ... GIGS case ဖြစ်လာတဲ့ RS ဟာ နှစ်ယောက်စလုံးအတွက် toxic ဖြစ်နေတာ ကြောင့် ... တယောက်ယောက်က ပြတ်သားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုပါပဲ ... နိုင်ငံရေး ၊ လုပ်ငန်းခွင် ၊ မိသားစုအရေး ... စသဖြင့် ကိုယ့်စိတ်ကိုယ် ဆန်းစစ်ကြည့်ကြပါ။ ကျနော်တို့ ဗမာ တွေ အများစုကတော့ ... အမေကျော်ဒွေးတော်လွမ်းတတ်ကြတာ ဗီဇလိုတောင်ဖြစ်နေပြီ။ ကိုယ်တိုင်လည်း GIGS မဝင်အောင်ထိန်းနေသလို၊ အနီးဆုံးကလူတွေတော့ GIGS လေးတွေ မဖြစ်သွားအောင် နိုင်သလောက်ထိန်းပါတယ်။ 📝yktm


Comments


bottom of page