ပြည်တွင်းရေးပြဿနာ?
- ယံ

- Jun 7, 2021
- 2 min read
ဖေ-မတ်အထိ China ပြောသလို Domestic Problem ဆိုတဲ့ပြည်တွင်းရေးပြဿနာ လုံးဝမဟုတ်ခဲ့ဘူး။ ၁၀ နှစ်သား ဒီမိုကရေစီနိုင်ငံမှာ ဒီမိုကရေစီပျက်သုဥ်းသွားတဲ့အတွက် ဒီမိုနိုင်ငံတွေ အဖြေရှာ ၊ ဝိုင်းဝန်းကာကွယ်ပြီး အလျင်အမြန် ပြန်လည်တည်ဆောက်ပေးရမယ့်ပွဲလိုမျိုး (အားလုံးဒီလိုပဲထင်ကြတာ) လက်ရှိအခြေအနေမှာတော့ ဒီစဥ်းစားပုံနဲ့ ဒီလို Critical Thinking တွေက ပြည်တွင်း လူမှုရေးသိပ္ပံ မှာ ဆက်ကျင့်သုံးဖို့ မဖြစ်နိုင်တော့ဘူး။ ပြည်ပ ရောက်နှင့်နေတဲ့ သမိုင်း၊စီးပွား၊လူမှု စတဲ့နယ်ပယ်တွေမှာ Ph.D စာတမ်းအထိတင်သွင်းထားသူ မြန်မာနွယ်ဖွားတွေဟာ Critical Thinking and Writing ဆိုတဲ့ principle နိယာမတစ်ခုကို ကိုင်စွဲပြီး ပညာရှင်ဖြစ်သမို့ ဖြစ်စဥ်ကို ဖြစ်စဥ်အတိုင်းရေးမယ်ကွယ် ဆိုတာမျိုး များလာတာတွေ့ရတယ်။ ပြည်ပ သတင်းမီဒီယာ တချို့မှာ မြန်မာအရေးဟာ သမိုင်းဖြစ်စဥ်ကာလ ၊ နိုင်ငံတည်ဆောက်မှုဖြတ်သန်းလာပုံ အဆင့်ဆင့် စတဲ့ ပေတံများနဲ့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ အရသာမြည်းဖူးပေမယ့် စံနှုန်းမီအရသာ လျှာပေါ်တင်ပေးလို့မရသေးဘူး၊ မြန်မာမှာ ပြဿနာတစ်ရပ်အပေါ်မှာ လူများရာ အနိုင်ယူ ဆိုတဲ့စိတ်ရှိကြတယ် ဆိုတာမျိုး အထိ Bias ပါတဲ့ အမှန်၊အမှားမကွဲပြားတဲ့ ပြည်တွင်းရေးပြဿနာလိုသုံးသပ်လာကြတယ်။ ဖေ-မတ်--ဧ-မေ ဆိုတဲ့ (၄)လ ကို နိုင်ငံရေးဓါတ်ခွဲခန်းလို စာတမ်းပြုစုကြသူတွေလည်းရှိပါသေးတယ်။ စာတမ်းပြုနေတာဖြစ်တဲ့အတွက် ၊ ဘယ်နေ့မှာ ဘာစဖြစ်ပြီး ၊ ဘယ်မှာတော့ ဘာဖြစ်နေပါတယ် ၊ နောင်များဘာဆက်ဖြစ်ဦးမလဲ ဆိုတဲ့ မှတ်တမ်းတွေကိုသာ သူတို့ လိုအပ်နေမှာဖြစ်တယ်။ လက်ရှိရောဂါကိုကုသဖို့ဖြေဆေးထုတ်ပေးတာမျိုးမဟုတ်သေး။ ဆိုတော့ ... ပြည်တွင်းရေးပြဿနာ ရှုတောင့် ဘက်လှည့်လာတယ်။ အကြမ်းမဖက် အာဏာဖီဆန်နေမှုကနေ လက်နက်ကိုင်တော်လှန်မှု ဆိုတာမျိုး... နွေဦးတော်လှန်ရေးဟာ ပြတ်ပြတ်သားသား အဆင့်တဆင့်ကို ထပ်တက်သွားပြီဖြစ်တဲ့အတွက် "Domestic Violence In Myanmar" ဆိုတာမျိုးဖြစ်လာတယ်။ Milk Tea Alliance လို မြန်မာဒီမိုကရေစီအရေးကြောင့် ၊ ထိုင်ဝမ်၊ ထိုင်း မှာ ပြန်လည် အုံကြွနိုင်မှာမျိုး "နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာ"ဟာ နယ်နမိတ်ထိစပ် နိုင်ငံတွေသာမကဘဲ နယ်မြေခြားနေတဲ့ ဒေသတွေအထိ ကူးစက် လာနိုင်တယ်ဆိုတာမျိုး Campaign တွေ ပြန်အသက်ဝင် နိုင်ရင်တော့ သူတို့ဒေသအတွင်းမှာ လှုပ်ရှားဖို့ ပိုပြီးအဓိပ္ပါယ်ရှိလာပြီ။ ခက်တာက ပြည်ပရောက် မြန်မာတွေဟာ ပြည်ပမှာ မှီခိုနေရတဲ့အတွက် ပြည်တွင်းလောက် ဇ သိပ်မရှိကြတာတွေ့ရတယ်။ နွေဦးတော်လှန်ရေးကိုထောက်ခံတဲ့မိတ်ဖက်နိုင်ငံများရောက် မြန်မာတွေလောက်ပဲ campaign လုပ်နိုင်တယ်။ အန္တရာယ်ရှိမယ်ထင်ရတဲ့ နိုင်ငံများရောက်မြန်မာတွေဟာ အွန်လိုင်းမှာလောက်ပဲ ကူပေးနိုင်တာများကြတယ်။ ဆိုတော့ နိုင်ငံတကာမီဒီယာရဲ့ SO CALLED ပြည်တွင်းရေးပြဿနာဖြစ်လာပြီမို့ ... ပြည်ပရောက် မြန်မာတွေ ၊ နိုင်ငံခြားသားတွေလို ဖြစ်စဥ်တွေကို Critical ကျကျ တွေးပြီး စာတမ်းချည်း ပြုစု၊ ထုတ်ပြန် နေရမှာမျိုး မဟုတ်ဘဲ ... တော်လှန်ရေးခံယူချက်ဟာ မာကြောခက်ထန်ရမှာမျိုးဖြစ်သထက်ဖြစ်လာတယ်။ NUG ထောက်ခံသူလား။ SAC ထောက်ခံသူလား၊ ဒီလိုမဟုတ်ဘူး။ ရွေးကောက်ပွဲ အသစ်ကို ထောက်ခံတဲ့လူလား။ (ဒါလည်းမဟုတ်ဘူး) ဘယ်ဂွင် ရှိမလဲ၊ တတ်သလောက်မှတ်သလောက် စီးပွားရှာမယ် ဆိုတာမျိုး။ (မဟုတ်ဘူး) ငါက ဘယ်အစိုးရတက်တက်၊ ငါ့အင်ပါယာ ငါထူထောင်နေတယ် ဆိုတာမျိုး။ (အိုကေ) ဘယ်အုပ်စုထဲ ပါပါ ။ တစ်နေ့တော့ လူပါးဝမိထားရင် ရှုံးတဲ့လူက ပြေးရမှာပဲ။ လက်နက်ကိုင်ရင် တောခိုရမှာပဲ။ ပျောက်ကျားလုပ်နေရမှာပဲ။ အမြင်ကပ်ပုဒ်မနဲ့ အတို့ခံရမှာပဲ။ တောထဲ တောင်ထဲမှာ အနိုင်ရအစိုးရ ရဲ့ BGF (Border Guard Force) တွေက ပြန်သုတ်သင်မှာပဲ။ သုတ်သင်မခံရလည်း အနိုင်ရအစိုးရရဲ့ အကြမ်းဖက်အဖြစ် နာမည်တပ်ခံရမှာပဲ။ နိုင်ငံရေးမှာက (၄) လအတွင်း Social experiment များအရ၊ ၉၀ ရာခိုင်နှုန်း လူထုရဲ့ တခုတည်းသောအင်တာနက်စာမျက်နှာမျိုးဖြစ်နေတဲ့ဖေ့စ်ဘွတ် ပေါ်မှာ တဖြည်းဖြည်းနဲ့ ဖင်ယားမှု အာမခံချက် မရှိဆိုတာတွေ ဖြစ်လာတယ်။ ပိုဖြစ်လာမယ်။ ကျနော်တို့လည်း experiment တွေလျှော့ပြီ။ အကောင်အသေးဖြစ်ဖြစ်၊ အကြီးဖြစ်ဖြစ်၊ ဒီသမိုင်းမှာ "မသေအောင် ရှင်နေတတ်ဖို့လိုလိမ့်မယ်" "မသေအောင်ရှင်ပြီး ၊ နိုင်အောင် တိုက်ရမယ့်ပွဲ" ဖြစ်လာတယ်။ အစိုးရတွေနဲ့ပဲ တိုက်တိုက်၊ ဝမ်းရေးအတွက်ပဲတိုက်တိုက်၊ အဲ့ဒီထဲမှာမှ နိုင်အောင် တိုက်ပုံတိုက်နည်း ဗားရှင်းတွေတော့ ကွာလိမ့်မယ်။ ခေတ်တိုင်းမှာတော့ "ဂွင်" ဆိုတာတွေကတော့ အမြဲရှိနေကြပဲ ... "ဂွင်" ဆိုတာက အားလုံးသိတဲ့အတိုင်း "အခွင့်အရေး ရဲ့ အရပ်သုံး ဘန်းစကားပေါ့ ... တော်လှန်ရေးအတွက် "ဂွင်" လား တသီးပုဂ္ဂလ ဂွင် လား ... "ဂျိုကာ" မဟုတ်ဘဲ ဖဲ လိမ်ချရင်တော့ အသေထွက်ပါပဲ။ yktm 157/365_21 16:00




Comments