၁၉၈၈ မှာ သူတို့တွေ ဘယ်အရွယ်ရှိကြလဲ
- ယံ

- Jun 10, 2021
- 1 min read
[ Biological Age, History & Their Future ]
၁၉၈၈ မှာ သူတို့တွေ ဘယ်အရွယ်ရှိကြလဲ ဆိုတဲ့အတွေး စဥ်းစားမိတယ် ...
လူတစ်ယောက်ဟာ သူဖြတ်သန်းနေတဲ့ ဘဝထဲက အတွေ့အကြုံတွေပေါ်မူတည်ပြီး သူ့ရဲ့အတွေးအခေါ်တွေဟာ ပြောင်းလဲနေလေ့ရှိတယ်။ လက်ရှိဗမာနိုင်ငံရေးမှာ အထင်ကရဖြစ်ဆဲလူပုဂ္ဂိုလ်များရဲ့အသက်အရွယ်တွေကို ၁၉၈၈ အချိန်ကာလနဲ့ နှိုင်းယှဥ်ကြည့်လိုက်ပါတယ်။
State Counsellor ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ မှာ မြန်မာနိုင်ငံပြန်လာတဲ့အချိန် အသက် ၄၃ နှစ်ရှိပါပြီ။(အသက်မွေးပညာစုံနေပြီဖြစ်တဲ့လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်အရွယ်ပါ)။
အဲ့ဒီအချိန်မှာ နောင်တချိန် နိုင်ငံတော်သမ္မတများဖြစ်လာမယ့် ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ထက်တစ်နှစ်သာငယ်ပြီး။ ဦးဝင်းမြင့်ကတော့ ၆ နှစ်ငယ်ပါတယ်။
ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်ချခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်လာမယ့် ဒုဗိုလ်ချုပ်ကြီးသန်းရွှေဟာ ၅၅ နှစ်ရှိနေပြီဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ခေတ်မှာပါ အတွင်းရေးမှူးဖြစ်ခဲ့ပြီး နဝတ၊နအဖ ခေတ်များပါ ဆက်လက်ပါဝင်လာသည့် ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အသက် ၄၉ နှစ်ရှိနေပါပြီ။ ဟားဗတ်တက္ကသိုလ်မှ လူမှုဘောဂဗေဒဘွဲ့ရ ကိုသန်းမြင့်ဦး ဟာ အသက် ၂၂ နှစ်ရှိပါပြီ။ တချိန် နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ နိုင်ငံတော်သမ္မတဖြစ်လာမယ့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ၄၄ နှစ်ရှိနေပါပြီ။ အနာဂတ်မှာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုဖြစ်စဥ်ကို ဖန်တီးမယ့် ဗိုလ်ချုပ်မှုူးကြီးမင်းအောင်လှိုင် ဖြစ်လာမယ့်လူကတော့ အသက် ၃၂ နှစ်ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဦးဇော်ဇော်သည် ၂၁ နှစ်၊ ဦးတေဇ သည် ၂၄ နှစ်၊ ဦးဖြိုးမင်းသိန်းသည် ၁၉ နှစ် ၊ ဒေါက်တာ ဇော်ဝေစိုးသည် ၂၆ နှစ်၊ ဒေါ်ဇင်မာအောင်သည် ၁၂ နှစ်ဖြစ်ပြီး ရက္ခိုင်တပ်မတော်ဦးစီးချုပ် ထွန်းမြတ်နိုင်သည် ၁၀ နှစ်သားအရွယ်ဖြစ်ပါတယ်။
yktm





Comments