top of page

[ မြေအောက်ခန်း ] - Fiction -

  • Writer: ယံ
    ယံ
  • May 31, 2021
  • 2 min read

[ မြေအောက်ခန်း ] - Fiction - ============ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံလွတ်လပ်ရေးရတော့ တက်လာတဲ့ အရပ်သားအစိုးရ နိုင်ငံရေးခေါင်းဆောင်နဲ့ဝန်ကြီးများ အထူးအစည်းအဝေးမှာ မသမာသူများကြောင့် လုပ်ကြံသတ်ဖြတ်ခံရတယ်။ ကိုလိုနီကြောင့်လိုလို၊ ဖက်ဆစ်ကြောင့်လိုလိုနဲ့ နောက်ဆုံးမှာ ပြည်တွင်းက အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်နဲ့သူ့အဖွဲ့ကို တရားခံအဖြစ် တွေ့ရတယ်။ နောက်ဆက်တွဲ မှုခင်းကွင်းဆက် ခါးပြတ်သွားပြီး အဲ့ဒီ တရားခံနဲ့သာ သမိုင်းမှာ တွင်ကျန်ခဲ့တယ်။ ... အဲ့ဒီနောက် ကြားဖြတ်အစိုးရပြန်လည်ဖွဲ့စည်းခဲ့ရပြီး နောင်တချိန်မှာ ဒီလို နိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ ခေါင်းဆောင်တွေ၊ ပညာတတ်တွေ လုပ်ကြံမခံရဖို့ လျှို့ဝှက်အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းခဲ့ကြတယ်။ နိုင်ငံရဲ့ အစိုးရယန္တရားများ အဓိက လည်ပတ်နေတဲ့ မြို့လယ်ခေါင် အဆောက်အဦးတစ်ခု အောက်မှာ လျှို့ဝှက် မြေအောက်ခန်း တည်ဆောက်ခဲ့ကြတယ်။ ဒီအဖွဲ့အစည်းအကြောင်းဟာ နိုင်ငံထိပ်သီးခေါင်းဆောင်တွေ သိကြပေမယ့် ပြည်သူနဲ့ နိုင်ငံအတွင်းအပြင် မီဒီယာမှာ သတင်းဖြန့်ဝင် စီးဆင်း သွားတာမျိုးမဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့ကြတယ်။ ဒီအဖွဲ့အစည်းရဲ့ အဓိက ရည်ရွယ်ချက်ကနိုင်ငံတော် အမျိုးသားလုံခြုံရေးနဲ့ ထောက်လှမ်းကာကွယ်ရေး ဖြစ်တယ်။ ဖွဲ့စည်းခါစမှာ နိုင်ငံရေးအသိနဲ့သတိ မြဲခဲ့ကြပေမယ့် ဆယ်စုနှစ် တစ်စု ဖြတ်သန်းအပြီးမှာ နိုင်ငံရေးဝါဒ အတ္တတွေနဲ့ ပုဂ္ဂိုလ်ရေး ပြဿနာတွေရှိလာတယ်။ ... အမျိုးသားလုံခြုံရေးနဲ့ ထောက်လှမ်းကာကွယ်ရေးထက် အကျိုးစီးပွားရေးဘက်ကို ဦးလှည့်လာတယ်။ ဒီကိစ္စမှာ ဝင်ပါတဲ့ ခေါင်းဆောင်တွေဟာ တစ်ယောက်ကိုတစ်ယောက် မျက်ကွယ်မပြုနိုင်ကြသလို လိပ်ပြာမလုံ စိုးထိတ်လာကြတယ်။ အဲ့ဒီအချိန်မှာဒီပဋိပက္ခတွေကို ထိန်းသိမ်းဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်ခေါင်းဆောင်ဟာ အာဏာသိမ်းလိုက်တယ်။ ဒါကို နိုင်ငံတကာထောက်လှမ်းရေးတွေက ထောက်ခံကြပြီး သူတို့အစိုးရတွေ သွယ်ဝိုက်ထောက်ခံနိုင်အောင်လည်း ပံ့ပိုးခဲ့ကြတယ်။ ဒီလိုနဲ့ စစ်အာဏာသိမ်းမှုဟာ တရားဝင်လာခဲ့ပြီး စစ်တပ်ခေါင်းဆောင်ဟာ အရပ်ဝတ်လဲပြီး နိုင်ငံကို ဆက်လက် အုပ်ချုပ်တယ်။ အဲ့ဒီအချိန်ကစလို့ ဖွဲ့စည်းထားခဲ့တဲ့ အမျိုးသားလုံခြုံရေးနဲ့ထောက်လှမ်းကာကွယ်ရေး (လျှို့ဝှက်အဖွဲ့) လှုပ်ရှားမှုတွေဟာ ပျောက်ဆုံးနေခဲ့တယ်။ နိုင်ငံအုပ်ချုပ်ရေး မှာ နေရာရလာတဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေလည်း အဲ့ဒီ မြေအောက်ခန်း အဖွဲ့အကြောင်း လုံးဝ မသိကြတော့ဘူး။ ... ဒီလိုနဲ့ စစ်တပ်ခေါင်းဆောင် အသစ်ဖွဲ့စည်းတဲ့ ထောက်လှမ်းရေးအဖွဲ့ အသစ် ပေါ်လာတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာ ထားရှိတယ်။ စစ်ထောက်လှမ်းရေးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်တယ်။ နှစ်တွေကြာလာတဲ့အခါ နိုင်ငံရဲ့ ထောက်လှမ်းရေးအဖွဲ့ဟာ စစ်အုပ်ချုပ်မှုအောက်က ပြည်ထဲရေး နဲ့ တွဲလျက် အဖွဲ့တွေသာ ရှိနေခဲ့တယ်။ ကျန်ရှိတဲ့ အစိုးရယန္တရား ကိုယ်တိုင် လည်ပတ်စေနေတဲ့ လျှို့ဝှက်အဖွဲ့အကြောင်း မည်သည့် အရင်းအမြစ်ကမှ သတင်းအစအနထွက်မလာခဲ့ဘူး။ ... ခုနှစ်တစ်ခုမှာတော့ စစ်ခေါင်းဆောင်ဟာ နိုင်ငံရေး၊ လူမှုရေး ၊ စီးပွားရေး ဦးတည်ချက် တွေ အသစ်ပြဌာန်းပြီး ယိုယွင်းပျက်စီးလာတဲ့ နိုင်ငံအနာဂတ်ကို ကယ်တင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အထိကရုဏ်းတွေကို အဆုံးသတ်သွားစေဖို့အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးတယ်။ ... အများဆန္ဒနဲ့အညီ ရွေးကောက်ပွဲမှာ အရပ်သားပါတီခေါင်းဆောင်တွေဟာ မဲအများစု ရရှိပြီး အစိုးရ ဖွဲ့နိုင်ခဲ့ပေမယ့် စစ်ခေါင်းဆောင် ဗျူဟာအသစ်ဟာ သူတို့မှန်းခဲ့တဲ့ ရလဒ်နဲ့ မကိုက်ညီနိုင်သေးတာကြောင့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ အရပ်သားခေါင်းဆောင်တွေကို ထိန်းသိမ်းတာ၊ သုတ်သင်တာ တွေ ဖြစ်ခဲ့ပြီး နောက်ထပ် စစ်အုပ်ချုပ်မှု ပုံစံအသစ်ကို ဆက်လက်တည်ဆောက်တယ်။ ... နှစ်နှစ်ဆယ်မျှကြာပြီးနောက်မှာ အခြေခံဥပဒေအသစ်ပြဌာန်းပြီး ရွေးကောက်ပွဲအသစ်ကို ပြုလုပ်ပေးတယ်။ အရပ်ဝတ်လဲထားတဲ့ စစ်ခေါင်းဆောင်တွေ အစိုးရဖွဲ့နိုင်ခဲ့ပြီး ၅ နှစ်တာ ပါတီစုံလွှတ်တော်အစိုးရကို ဖြစ်တည်စေခဲ့တယ်။ အဲ့ဒီ အချိန်ထိ ထောက်လှမ်းရေးအဖွဲ့စည်းဟာ စစ်အုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့ပြီး စစ်ခေါင်းဆောင်များမှလွဲပြီး ကြီးလေးတဲ့ ထောက်လှမ်းရေးသတင်းအရင်းအမြစ်တွေကို ဘယ်အရပ်သား ခေါင်းဆောင်မှ သိပိုင်ခွင့်မရှိသလို၊ သိခွင့်လည်းမရှိနိုင်သေး။ ... ဒုတိယအကြိမ်အစိုးရသက်တမ်းမှာတော့ ယခင်နှစ်နှစ်ဆယ်က ပါတီဟာ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့လာနိုင်ခဲ့တယ်။ အဲ့ဒီ ငါးနှစ်အတွင်းမှာ ပြည်ထဲရေး ၊ ကာကွယ်ရေး စတဲ့ ဝန်ကြီးဌာနတွေဟာ စစ်တပ်အောက်မှာပဲ ဆက်ရှိနေခဲ့ပြီး ထောက်လှမ်းရေးဟာလည်း ယခင်အတိုင်း အရပ်ဘက် ခေါင်းဆောင်များ မချဥ်းကပ်နိုင်တဲ့ ကိစ္စအဖြစ် ဆက်တည်နေခဲ့တယ်။ အဲ့ဒီမှာ အရပ်သားအစိုးရဟာ တန်ပြန်ထောက်လှမ်းမှုတွေဖန်တီးဖို့နဲ့ ကာကွယ်ရေးဆိုင်ရာ လျှို့ဝှက်အဖွဲ့ကို ဖွဲ့စည်းထားဖို့ ဖြစ်လာခဲ့တယ်။ မထင်မှတ်စွာဘဲ ယခင် ဒုတိယကမ္ဘာစစ်အပြီး ဖွဲ့စည်းထားခဲ့တဲ့ လျှို ဝှက်အဖွဲ့အစည်းဟာ ဒီအရပ်သား အစိုးရကို ဆက်သွယ်လာခဲ့တယ်။ နှစ်ပေါင်းများစွာ ပျောက်နေခဲ့တဲ့ အဖွဲ့အစည်းဟာ အရပ်သားအစိုးရနဲ့ ချိတ်ဆက်ပြီး လျှို့ဝှက်စွာ မဟာဗျူဟာများရေးဆွဲနေခဲ့တယ် .... ... အရပ်သားပါတီခေါင်းဆောင်တွေတင်မြှောက်ထားတဲ့ အရပ်သားသမ္မတ နဲ့ ရင်းနှီးတဲ့ ထိပ်သီး ပြည်တွင်း မီဒီယာ ပိုင်ရှင်တစ်ယောက်ရှိနေခဲ့တယ်။ သူ့ကို အရပ်သားသမ္မတဟာ သီးသန့်တွေ့ဆုံမှုမှာ လျှို့ဝှက်ချက်တချို့ အရိပ်အမြွက် ပြောမိခဲ့တယ်။ ဒါကို ပါတီခေါင်းဆောင်တွေ သိပြီးချင်းမှာပဲ သမ္မတကို အနားပေးပြီး သစ္စာခံနိုင်မယ့် သမ္မတတစ်ယောက်ကိုထားတယ်။ အစိုးရ ယန္တရားကို ဆက်လက်လည်ပတ်စေတယ်။ ... မီဒီယာပိုင်ရှင်ဟာ လူထုမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး ၊ သူ့သတင်းကုမ္ပဏီ ဆက်ရှိနေခဲ့ပေမယ့်သူဘယ်မှာနေသလဲ၊ ဘယ်ရောက်နေသလဲ ဖုံးကွယ်နေခဲ့တယ်။ တချို့က သေဆုံးသွားတဲ့အထိ ထင်ကြေးပေးကြတယ်။ သတင်းကုမ္ပဏီဘက်ကလည်း ဖြေရှင်းချက်မပေးဘဲ သူ့အလုပ်ကိုဆက်လုပ်တယ်။ ... စစ်တပ်ရဲ့ ထောက်လှမ်းရေးဟာ သူတို့ရဲ့ အတွင်းသူလျှိုများကို အရပ်သားအစိုးရထဲ ထည့်နိုင်ခဲ့တာကြောင့် မြေအောက်ခန်းလျှို့ဝှက်အဖွဲ့အကြောင်း ပိုသိလာတယ်။ ... အစိုးရသက်တမ်းတလျှောက် တန်ပြန်ထောက်လှမ်းမှုတွေ အပြန်အလှန်ရှိနေခဲ့ပြီး တတိယအကြိမ် အထွေထွေရွေးကောက်ပွဲရလဒ်အပြီးမှာ အာဏာရဆဲ အရပ်သားပါတီဟာ အနိုင်ဆက်ရပြီးတဲ့နောက်မှာတော့ စစ်ထောက်လှမ်းရေးဟာ အရပ်သားအစိုးရရဲ့ အစိုးရသက်တမ်းအတွင်း အမျိုးသားလုံခြုံရေးပေါက်ကြားမှု ဆိုတဲ့ စွဲချက်များနဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ဖြစ်လာတယ်။ ဒီလိုနဲ့ စစ်တပ်ခေါင်းဆောင်ဟာ အရပ်သားခေါင်းဆောင်များ အစိုးရ အသစ်ဖွဲ့ရမယ့်နေ့ မနက်အစောပိုင်း မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အများပြည်သူကို လုံခြုံရေးအရ ၊ ရွေးကောက်ပွဲရလဒ် မသမာမှုများ စသဖြင့် ခေါင်းစည်းများထုတ်ပြန်ပြီး ကြော်ငြာချက်ထုတ်တယ်။ ဒီလိုနဲ့ ... I wrote this political drama story-line in late 2014 and re-wrote in 2017,2018 ... then I stopped it because I didn't have feeling on politics in late 2018 and I invested my time in pop-culture and advertising world. But this spring revolution re-generate my thought over politics and its multiple conflicts, then it makes me re-writing ... you can visit to the page, and view some scenes of my staff Link: https://www.facebook.com/BINS.HiddenAuthority yktm


Comments


bottom of page