ဒါရိုက်တာ_ဘီလီအိုင်းလစ်ရှ် 😲 Lost Cause
- ယံ

- Jun 3, 2021
- 1 min read
Updated: Jun 5, 2021
Lost Cause သီချင်းဗီဒီယိုက ဇွန် ၂ ရက်နေ့ လွန်ခဲ့တဲ့ နာရီပိုင်းကပဲ YouTube ပေါ်တက်လာတယ်။
မြန်မာစံတော်ချိန်နဲ့ဆို ည ၁၁ နာရီခွဲလောက်ပေါ့။
သုံးနာရီအတွင်းမှာပဲ ... ဝင်ကြည့်တဲ့လူအရေအတွက်က ၁ သန်းခွဲ ကျော်ပြီ။

ခါတိုင်း ဗီဒီယိုတွေမှာ အိုင်းလစ်ရှ် ကို
ဒီလိုမတွေ့ဖူးဘူး။ အများအားဖြင့်
လုံလုံခြုံခြုံ ပွပွယောင်းယောင်း
အဝတ်အစားများနဲ့ ဂေါ်တဲ့စော်လေး။
ခုများကျ ဘယ်လိုတွေ ကဲ ...
ဒီ Lost Cause သီချင်းက ... လာမယ့် ၂၀၂၁ ၊ ဇူလိုင် ၃၀ ရက်နေ့မှာ ထွက်လာမယ့်သူ့ရဲ့ Album အသစ် "Happier Than Ever" ထဲက တစ်ပုဒ်ကို single အနေနဲ့ အွန်လိုင်းပေါ်မှာ တင်လိုက်တာ။ First Person View ကင်မရာအမြင်ကနေ စော်လေးတွေ အိမ်ထဲ Home Party ကဲနေတဲ့ပုံစံ သီချင်းဗီဒီယိုကို ဖန်တီး ထားတယ်။ selfie-video ကို ultra wide camera နဲ့ အိုင်းလစ်ရှ် ကိုယ်တိုင်လက်ထဲကိုင်ထားတာ၊ တစ်ယောက်ယောက်ကိုပေးပြီး ရိုက်ခိုင်းထားတာ ဒီလိုပုံစံမျိုး သီချင်းကို storytelling လုပ်ထားတယ်။ သီချင်းအမျိုးအစားက Electro Pop အေးအေးလေး ဖြစ်ပေမယ့် အိုင်းလစ်ရှ်ကို ခါတိုင်းနဲ့မတူအောင်
ပျော်ရွှင်နေတာမျိုးမြင်ရတယ်။ ဘော်ဒါတသိုက် တင်ပါးခါပြီးပြိုင်ကကြ၊ အာလူးကြော်တွေလုစားကြနဲ့ပေါ့။
သီချင်းစာသားတွေက အိုင်းလစ်ရှ်ရဲ့ ပြတ်သွားတဲ့ရည်းစားအကြောင်း။
"နင်ဟာငါ့အတွက်ပဲဖြစ်ရမယ်လို့တွေးထားပေမယ့်၊ ဘယ်အချိန်ကောက်ရှာရှာနင်လိုကောင်တွေတပုံကြီးပဲဆိုတာငါသိလိုက်ရပြီ" ဆိုတဲ့စာသားတွေ
I sent you flowers, did you even care? ဆိုတဲ့စာသားလေးနဲ့ ဘဲကိုမေးနေပေမယ့်
you ain't nothin' but a lost cause ဆိုတဲ့စာသားနဲ့ ပြန်ဖဲ့ပြန်ရော 😅
အသက် ၁၈ မှာ Grammy Award (၇) ဆု ရထားတဲ့ အိုင်းလစ်ရှ် ပဲလေ။
ပြီးတော့ ဒီ Music Video က သူကိုယ်တိုင် ဒါရိုက်တာ အဖြစ်တာဝန်ယူပြီးရိုက်ထားတယ် 😮 ။ ကဲ ဟောဒီလင့်ခ်တွေမှာသွားကြည့်တော့ဗျာ။
YouTube link: https://youtu.be/S2dRcipMCpw vevo link: http://vevo.ly/qS7q3A
📝 yktm



Comments