top of page

Melanie Martinez - Lolita ကောင်မလေး

  • Writer: ယံ
    ယံ
  • Jun 7, 2021
  • 1 min read

Melanie Martinez ရဲ့ Tattoo ဒီဇိုင်း (art) က အသားဖြူတဲ့ကောင်မလေးတွေနဲ့ဆိုပိုလိုက်မယ်။ cake တွေ lollipop ပုံတွေမှာဆိုရင် ဘေးသား cake border မျိုး ထည့်တာတွေ့ရတယ်။ သူ့ရဲ့ Art အမျိုးအစားကို Lolita Punk Pop ပုံစံမျိုးလို့နာမည်ပေးရမလား။ Martinez ရဲ့သီချင်းတွေက Pop, Electro, Alternative အမျိုးအစားတွေထဲဆိုထားတာမျိုး နားထောင်ရတယ်။

သူဖန်တီးနေတဲ့ Art of Living Style က Lolita, Gothic ပုံစံမျိုးတွေ့ရတယ်။ Hairstyle က အင်္ဂလိပ်ဝတ္ထုထဲက Cruella ဇာတ်ကောင်လို ဖန်တီးထားတယ်။ သူ့သီချင်းထဲကဆိုရင် ၂၀၁၆ တုန်းကထွက်တဲ့ Cry Baby ကို ကျနော်ကြိုက်တယ်။ ၁၉၉၅ ဧပြီ ၂၈ မှာမွေးတယ်ဆိုတော့ ကျနော်နဲ့ Taurus ဖြစ်တာချင်းတူတယ်။











ဒါကြောင့်သူ့ Psycho Behavior ကိုတော့ ကိုယ့်စိတ်နဲ့ကြိုခန့်မှန်းမိသား။ "Taurus တွေက alter ego တွေကိုဖန်တီးနေရတာကြိုက်ကြတယ်ဆိုတာမျိုးပေါ့"။ ဒီနောက်ပိုင်း Pop Electro နဲ့ Pop Punk သီချင်းအမျိုးအစားတွေ လှိုင်းပြန်တက်လာတဲ့အချိန် Martinez ရဲ့ ဒီနှစ်အတွက် Album အသစ်ထွက်လာဖို့ရှိတယ်။ Growntown လို့နာမည်ပေးထားတယ်။ ဒီဇွန်လထဲမှာထွက်မယ်။ သူက ကျနော်တွေးသလိုပဲ Loita Punk Pop ပုံစံသွားနေတဲ့အတွက် Lolita Pop တွေကြိုက်တဲ့ ဂျပန် market ကို focus လုပ်တာမျိုးလည်းတွေ့ရတယ်။

Comments


bottom of page