Albrecht Dürer, self-portrait painter
- ယံ

- Jun 9, 2021
- 1 min read
Albrecht Dürer, အလ်ဘတ် ဒိုအွာ ။ သူက ၁၅ ရာစု နှောင်းပိုင်းနဲ့ ၁၆ ရာစုအစောပိုင်းရဲ့ လူသိများတဲ့
ဂျာမန်ပန်းချီဆရာ။ သူက ဒဗင်ချီ နဲ့ ရဖိုင်အယ် တိုနဲ့ခေတ်ပြိုင်။ ဒိုအွာ ရဲ့ ရေးဟန်က ဂေါ့သစ် အငွေ့အသက်ပါပြီး အီတလီတွေရဲ့ ရုပ်သွင်ကို ယူတာများတယ်။
ဒိုအွာ ကိုလူသိများတာက သူ့ရဲ့ self-portrait တွေကြောင့်။ ကိုယ်တိုင်ရေး ပုံတူပန်းချီကားတွေပေါ့။
Self-Portrait နဲ့ပတ်သက်ပြီး အနုပညာသမိုင်းကို လေ့လာမယ်ဆိုရင် သူ့ကိုချန်ထားခဲ့လို့တော့မရဘူး။
ဆေးသားစပ်ပုံ၊ အလင်းအမှောင်ခွဲထားပုံ တွေလည်းပါဝင်သလို၊ sexy ကျပြီး၊ မျက်နှာသေခပ်တည်တည်နဲ့
ပုံစံတွေရဲ့ ဆွဲဆောင်မှုတွေလည်းပါ,ပါလိမ့်မယ်။

ကျွန်တော်တို့ မြင်ဖူးနေကျ "ဆုတောင်းခြင်းလက်များ ပန်းချီကား _ Praying Hands ဟာလည်း ဒိုအွာ ရဲ့လက်ရာတွေထဲက တစ်ခုဖြစ်တယ်။ Praying Hands ပန်ချီးကားဟာ ၂၀၂၁ ခုနှစ်မှာ ဆိုရင် နှစ်ပေါင်း ၅၁၂ နှစ် ရှိပြီဖြစ်ပါတယ်။ ဒီပန်းချီကားကို သြစတီးယားနိုင်ငံ ဗီယာနာမြို့ အယ်ဘတီးနာ ပြတိုက်မှာ ထားရှိပါတယ်။

Praying Hands ပန်းချီမှာတွေ့ရတဲ့ လက်များဟာ
တမန်တော်များ ရဲ့ ဘယ်-ညာ လက်တဖက်စီ ဖြစ်ပြီး ဒီတမန်တော် ဆုတောင်းခြင်း လက်တစ်စုံ နဲ့ ဆက်စပ်လို့ ရနိုင်မယ့် ဦးခေါင်းပုံ အစိတ်အပိုင်းများလည်း ရေးဆွဲထားတဲ့ အကြောင်းသုတသန စာတမ်းများမှာ ဖော်ပြထားပါတယ်။
Albrecht Dürer ဟာ 21 May 1471 မှာမွေးဖွားပြီး။ 6 April 1528 မှာကွယ်လွန်ပါတယ်။

Comments