[ စိတ် _ M i n d ]
- ယံ

- May 22, 2021
- 1 min read
စိတ်
Inferiority complex (သိမ်ငယ်စိုးရွံစိတ်) တွေ နဲ့အတူတူ ကျွန်တော့်ကိုယ်ထဲ
superiority (ဇာတိမာန်မြင့်တဲ့ဘဝင်ကိုင်စိတ်) တွေပါ ရောပြီး ရောက်လာတယ်။
အဲ့ဒီ ဆန့်ကျင်ဘက်စိတ်နှစ်ခုကို ကျွန်တော်ပုံချထားပစ်လိုက်တဲ့နေရာက
အကြောင်းရင်းခံ တစ်ခုတည်းအပေါ်မှာပဲ အသွင်မျိုးစုံနဲ့ ဖြစ်ပျက်တည်ရှိနေတဲ့ နေရာ။ Concurrence.
အကြောင်းရင်းခံ တစ်ခုတည်းဟာ ကျနော့်ကို ဖြစ်နိုင်ချေ Scenario အမျိုးမျိုးဆီဆက်ပြီးဆွဲခေါ်လာတယ်။
အဲ့ဒီအတွေးတွေဟာ ကျနော်တစ်ယောက်တည်း တွေးတဲ့ အတွေးမျိုး Personal Hypothesis တွေဖြစ်နေမှာပဲ။
သူများတွေအမြင်ရောဘယ်လိုရှိသေးလဲဆိုတဲ့ Public Opinion ကိုထည့်တွက်
ကြည့်တယ်။ ကိုယ်ပိုင်အတွေးတွေထဲမှာ စိတ်ကူးယဥ်ဆန်နေတဲ့ Fiction တွေကို အနုပညာထည်တွေ ဖြစ်နိုင်မယ့် ရုပ်ရှင်ဇာတ်ညွှန်း တွေ သီချင်းစာသားတွေ အဖြစ် အကြမ်းထည် မျောချလိုက်တယ်။ ကျန်တာတွေဟာ လက်တွေ့နဲ့ ပိုနီးစပ်တဲ့ non-fiction အချက်အလက်တွေ ပိုဖြစ်လာတဲ့အခါ အနာဂတ်မှာ ဆက်လုပ်ရမယ့် Future Status တွေလို့အစီအစဥ်ဆွဲတယ်။
ဒါနဲ့ပဲ အနာဂတ်ဆိုတဲ့ "မျှော်လင့်ခြင်း" ကို ပြန်ဆန်းစစ်တော့ "Design Thinking" ဖြစ်နေတယ်။ ဒီဇိုင်းလိုတွေးမှရမယ်။ Design For Everyone လား ။ Design For A Specific Group လား။
Industrial Design လား , Graphic Design လား , Product Design လား?
ဒီဇိုင်းတော့ ဒီဇိုင်းပဲ .... သဘာဝချင်းမတူဘူး ... သိတဲ့လူက သိတယ်။
ကာယကံရှင်တွေက ဘေးလူထက်ပိုသိတယ်။ ဘေးလူက အပြင်လူထက်ပိုသိတယ်။
ဒါနဲ့ပဲ အကြောင်းရင်းခံ တစ်ခုတည်းအပေါ်မှာပဲ အသွင်မျိုးစုံနဲ့ ဖြစ်ပျက်တည်ရှိနေတဲ့ နေရာ။ Concurrence. ဆီပြန်ရောက်သွားပြန်တယ်။
သံသရာပြန်လည်။
"Everything is designed. Few things are designed well"
yk
22may2021
